ရလဒ်ဆိုးတွေကနေ စပါးအသင်း ရုန်းထွက်နိုင်မှာလား

ဇန်နဝါရီ ၁၉

စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲစလုံး နိုင်ပွဲပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ ကာရာဘောင်းဖလားနဲ့ FA ဖလားပြိုင်ပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်မယ်လို့ ထင်နေချိန်မှာ ရှုံးပွဲထပ်ပြီး ကြုံတွေ့ခဲ့တာပါ။

စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်နေတာကြောင့် အဆင့် ၄ အတွင်းကို ဝင်ရောက်ဖို့ထက် တန်းဆင်းဇုန်နဲ့တောင် ပိုပြီးနီးစပ်သွားခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။

ပုံ - စပါးအသင်းသားတွေကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image