နိုင်ငံတကာသတင်းတိုများ
၁။ထရမ့်၏သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲသိုသမ္မတဟောင်းများဖြစ်သည့်အိုဘားမား၊ဘီလ်ကလင်တန်နှင့်ဂျောချ့်ဘုရှ်တိုမတက်ရောက်ဟုNBCသတင်းဌာနကကြေညာသည်။
၂။ထရမ့်၏ကျမ်းသစ္စာကျိန်ဆိုပွဲသိုရုရှားကအမေရိကန်နိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးအပါအဝင်မည်သူမှတက်ရောက်မည်မဟုတ်ဟုကြေ ညာသည်။
၃။ထရမ့်သည်တနင်္လာနေ့တွင်သမ္မတကျမ်းသစ္စာကျိန်ဆိုပြီးနောက်အင်္ဂါနေ့မှစပြီးတရားမဝင်နေထိုင်သူများကိုအစုလိုက် အပြုံလိုက်နှင်ထုတ်မည်ဖြစ်ကြောင်းနယူးယောက်ပိုစ်သတင်းစာကဖော်ပြလိုက်သည်။
၄။ယူကရိန်းကဝင်ရောက်သိမ်းပိုက်ထားသောရုရှားပိုင်နက်ကာ့စ်ခ်ဒေသ၏၆၃.၂%ကိုပြန်လည်သိမ်းယူပြီးဖြစ်ကြောင်းရုရှားကကြေညာသည်။
၅။၁၉၈၄ခုနှစ်က၁.၆ထရီလီယံသာကြွေးတင်နေသောအမေရိကန်သည်ယခု၃၆ထရီလီယံအထိအကြွေးများတက်လာသဖြင့်ဒေဝါလီခံရမည့်အရေးရင်ဆိုင်နေရကြောင်းနည်းပညာသူဌေးကြီးအီလွန်မတ်စ်ခ်ကသတိပေးလိုက်သည်။
NOM