ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းဆီပြောင်းရွှေ့ကစားဖို့အတွက်ချိတ်ဆက်နေတယ်လို့သတင်းထွက်ပေါ်နေတဲ့ခရစ်တိုဖာလ်အန်ကူခူကိုပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းသတ်မှတ်လိုက်တာဖြစ်ပါတယ်။ကလပ်အသင်း ၂ သင်းအနေနဲ့လည်း မာထိစ်တယ်လ်နဲ့အလဲအထပ်ပြုလုပ်ရေးအတွက်ဖြစ်နိုင်ချေနဲ့ပတ်သက်ပြီးစကားပြောဆိုမှုတွေရှိနေတယ်လို့ Sky Sports သတင်းကဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်အသင်းဟာ အန်ကူခူနဲ့သဘောတူညီမှုကိုနှုတ်အားဖြင့်ရယူထားနိုင်ခဲ့ပေမဲ့ ပေါင်သန်း ၆၅ သန်းအထိ စျေးနှုန်းသတ်မှတ်ထားတဲ့ချဲလ်ဆီးအသင်းနဲ့အသေးစိတ်အချက်အလက်တွေဆွေးနွေးရဦးမှာဖြစ်တယ်လို့ Sky Sports Germany သတင်းကဖော်ပြခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးအနေနဲ့ပေါင်သန်း ၇၀ အထိမြင့်တက်လာနိုင်ပြီး နာပိုလီအသင်းကနေပဲရစ်စိန့်ဂျာမိန့်အသင်းဆီပြောင်းရွှေ့လဲ့ ကွီချာ ကွာရတ်ဒ်စကီလီယာရဲ့ပြောင်းရွှေ့ကြေးနဲ့နီးစပ်နေတယ်လို့ နာမည်ကြီးဘောလုံးသတင်းထောက်ဖာဘရေစီယိုရိုမာနိုကဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့လည်း အဆိုပါအလဲအထပ်ပြုလုပ်မဲ့အပြောင်းအရွှေ့ဟာ လက်ရှိအချိန်မှာ တယ်လ်အနေနဲ့ ချဲလ်ဆီးအသင်းဆီပြောင်းရွှေ့ချင်စိတ်မရှိတာကြောင့်ဖြစ်ပေါ်လာဖွယ်မရှိဘဲ အန်ကူခူရဲ့အပြောင်းအရွှေ့ဟာအရင်လိုဖြစ်ဖွယ်ရှိနေပါတယ်။ဘိုင်ယန်အသင်းအနေနဲ့လည်း တယ်လ်အနေနဲ့အသင်းမှာဆက်ရှိချင်ပေမဲ့ အဆိုပါကစားသမားအန်ကူခူကိုအသင်းဆီအမှန်တကယ်ခေါ်ယူချင်နေကြောင်းအာရုံစိုက်မှုပြသနေတာဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image