အိန္ဒိယ နာမည်ကျော်သရုပ်ဆောင် နေအိမ်မှာဓါးထိုးခံရတာ ခွဲစိတ်ကုသပြီးနောက် အခြေအနေကောင်းမွန်
ဒေလီ၊ ဇန်နဝါရီ ၁၆
နာမည်ကျော် ဘောလိ၀ုဒ်သရုပ်ဆောင် ဆာဖ်အလီခန်းကို လူတယောက်က နေအိမ်ကို ဖောက်ထွင်းဝင်ရောက်လာသူတယောက်ရဲ့ ဓါးနဲ့ထိုးတာခံခဲ့ရပြီး လက်ရှိမှာတော့ မင်းသားဟာ ခွဲစိတ်ကုသမှုခံယူပြီးနောက် အသက်အန္တရာယ်ရှိတဲ့အခြေအနေကနေ လွတ်မြောက်သွားပြီလို့ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။
ခန်းဟာ မိသားစုနဲ့အတူနေထိုင်တဲ့ မွမ်ဘိုင်းရှိနေအိမ်မှာ ဒီကနေ့မနက်အစောပိုင်းက တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ညသန်းခေါင်ကျော်လောက်မှာ သူနေအိမ်ထဲကို ဝင်ရောက်လာသူနဲ့ ဆာဖ်အလီခန်းတို့ဟာ ရုန်းရင်းဆန်ခတ်တွေဖြစ်ပွားပြီးနောက် ဓါးဒဏ်ရာရခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် သူ့ရဲ့ ကျောရိုးမှာ ဓါးဒဏ်ရာရရှိခဲ့ပြီး ဘယ်ဘက်လက်မှာ ဒဏ်ရာနှစ်ချက်နဲ့ လည်ပင်းမှာနောက်ထပ်ဒဏ်ရာတခုတို့ကို ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပြီး အခြေအနေတည်ငြိမ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
ခန်းဟာ ဘောလိ၀ုဒ် အကျော်အမော်မင်းသမီး ကရီနာကာပူးနဲ့ လက်ထပ်ထားပြီးသူတို့မှာ ကလေးနှစ်ယောက်မွေးဖွားထားပါတယ်။ တိုက်ခိုက်မှုအသေးစိတ်ကို မသိရသေးပေမယ့် အမည်မသိသူဟာ မင်းသားနေအိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
၁၉၉၃ ခုနှစ်မှာ ရုပ်ရှင်လောကစတင်ဝင်ရောက်ခဲ့တဲ့ ခန်းဟာ သွက်လက်ပြီး ဟာသဉာဏ်ရွှင်တဲ့ ဇာတ်ရုပ်တွေကြောင့် လူသိများခဲ့ပြီး Dil Chahta Hai နဲ့ Kal Ho Naa Ho တို့လို အချစ်ဟာသကားတွေနဲ့ လတ်တလော ရိုက်ကူးထားတဲ့ Tanhaji and Devara: Part 1 လို အက်ရှင်ဒရာမာဇာတ်ကားတွေ ပါဝင်ပါတယ်။
Ref:BBC
Photo:Getty Images
#centralnewsnaypyitaw
