အာလူးပြုပ်ကြော် မွှေးမွှေးလေး
အာလူးကြော်လို့ပိုတဲ့ ဆီမွှေးမွှေးလေးနဲ့ ထမင်းပူပူကို ဆားလေးဖြူးပြီး နယ်ပေးလိုက်ရင် ကလေးလူကြီး နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။
လိုအပ်တာလေးတွေ ပြောပါမယ်
အနေတော် နူးအောင်ပြုပ်ထားသောအာလူး - 500 g
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ငရုတ်ကောင်းမှုန့်. - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ဆီ - လက်ဖက်ရည်အကြမ်းပန်းကန်လုံး တလုံး
ကြော်နည်းလေး ပြောပါမယ်
အနေတော်နူးအောင်ပြုပ်ထားသော အာလူးကိုအခွံခွာပြီး ၈စိတ် စိတ်ပေးပါ
အာလူးကို မိုက်ခရိုဝေ့နဲ့ပြုပ်ပါက ၇မိနစ်လောက် ပြုပ်ပေးပါ
ဇလုံကျယ်ကျယ်တလုံးထဲ အာလူးများထည့်ပြီး ဆား အရသာမှုန့် နနွင်းမှုန့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
ဆီကိုမီးအပူပေးပါ ဆီပူလာပါက မီးကိုနဲနဲလောက်လျှော့ပြီးမှ အာလူးအရသာနယ်ကို ထဲ့ပေးပါ
တဖက်ကျက်ပါက နောက်တဖက်လှန်ပေးပြီး အားလုံးရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
ပိုနေသောဆီနဲ့ထမင်းဆီဆမ်းနယ်ပြီး အာလူးကြော်လေးနဲ့ တွဲဖက်သုံးဆောင်ရန် အဆင်သင့်ရပါပြီ။
Crd.mar mar
