26 w - Translate

စီရော်နယ်ဒိုနောက်ပိုင်း ပထမဆုံးအကြိမ် ဟတ်ထရစ်သွင်းနိုင်သူအဖြစ် အာမတ် မှတ်တမ်းဝင်

မန်ယူတောင်ပံကစားသမား အာမတ်ဒီယယ်လိုဟာ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ ဟတ်ထရစ် ၃ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် စီရော်နယ်ဒိုနောက်ပိုင်း ပထမဆုံးအကြိမ် ဟတ်ထရစ်သွင်းနိုင်တဲ့ မန်ယူကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

မန်ယူအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေချိန်မှာ အာမတ်ဒီယယ်လိုက ချေပဂိုးနဲ့ အနိုင်ဂိုး ၂ ဂိုး ဆက်တိုက်သွင်းယူခဲ့တာဖြစ်ပြီး စီနီယာကစားသမားဘ၀ သူ့ရဲ့ ပထမဆုံး ဟတ်ထရစ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

၂၀၂၂ ခုနှစ် ဧပြီ ၁၆ ရက်မှာ စီရော်နယ်ဒိုက နောဝှစ်ချ်အသင်းဘက်ကို ဟတ်ထရစ် ၃ ဂိုး သွင်းယူခဲ့ပြီးနောက် မန်ယူနိုက်တက်အတွက် အာမတ်က ပထမဆုံးအကြိမ် ဟတ်ထရစ် သွင်းယူနိုင်တဲ့ မန်ယူကစားသမား ဖြစ်လာခဲ့တာပါ။

နည်းပြဖာဂူဆန်အလွန်မှာ ဟတ်ထရစ်သွင်းယူနိုင်တဲ့ မန်ယူကစားသမား ၄ ယောက်သာရှိပြီး မာစီယယ်၊ ဖာနန်ဒက်စ်၊ စီရော်နယ်ဒိုနဲ့ အာမတ်ဒီယယ်လိုတို့ ဖြစ်ပါတယ်။

အာမတ်ဟာ ဟတ်ထရစ် ၃ ဂိုး အပါအဝင် ပရီးမီးယားလိဂ်သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။

image