26 w - Translate

သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဆောက် လုပ်ဆဲ တိုက် အခန်းပေါင်း ၄၅၀ ခန်းကျော်မကြာခင် ထပ်မံငှားရမ်းပေးသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်ရှိသုခဒဂုံပြည်သူ့အငှားအိမ်ရာ ဆောက် လုပ်ဆဲ တိုက် များမှ အခန်းပေါင်း ၄၅၀ ခန်းကျော်ကို မကြာခင် ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအငှားအိမ်ရာသည် တစ်လကို တိုက်ခန်းငှားရမ်းခအဖြစ် ပထမထပ်ငွေကျပ် ၆၇၀၀၀၊ ဒုတိယထပ် ၆၀၀၀၀၊ တတိယထပ် ၅၅၀၀၀ နှင့်စတုတ္ထထပ် ၄၆၀၀၀ သတ်မှတ်ထားပြီး တိုက်ခန်းငှားရမ်းမည့်သက်တမ်းမှာ ၅နှစ် ဖြစ်‌​ကြောင်းသိရသည်။

ယင်းသုခပြည်သူ့အငှားအိမ်ရာ၌ အိမ်ခန်းရမည်ဆိုပြီး ငွေကြေးလိမ်လည်မှုများ ရှိနေအတွက် ပြည်သူများ အနေဖြင့်သတိပြုရန် သုခဒဂုံအိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက အသိပေးထား‌​ကြောင်းသိရသည်။

NOM

image