ရွှေဖရုံသီး နဲ့ ကြက်သားဟင်း
*************************
မြန်မာကြက်နု တစ်ကောင်ကို
သကြား,ငံပြာရည်,အချိုမှုန့်
စပါးလင်,ငရုတ်သီးစိမ်း,ငရုတ်သီး အစိမ်းမှုန့်
ကြက်သွန်ဖြူ/နီ ဆီသတ်ဖပ် & ဆီ နဲ့ ရောနယ်ပီး

မီးအနေတော်နဲ့ ကြက်သားမှ အရည်ကုန်ပီး ဆီပျံလာတဲ့ထိမွှေပေးပါ။
ဆီပျံလာရင် ရေမြုပ်အောင်ထည့်ပီး ကြက်သားနူးအောင်တည်ပီးနောက်
ရွှေဖရုံသီးနဲ့ ရှမ်းနံနံထည့်၍ ရေသင့်ရုံ ထည့်ပီး တည်ထားပါ။
ဖရုံသီးနူးရင် အရသာ အပေါ့,အငံ,အချို မြည်း၍ အိုးချစားသုံးနိုင်ပါပြီ။

_____________________________________________________

မြန်မာကြက်နု တစ်ကောင်
ရွှေဖရုံသီး တစ်လုံး
သကြား လဖက်စားဇွန်း ၃ ဇွန်း
ငံပြာရည် ထမင်းစားဇွန်း ၅ ဇွန်း
အချိုမှုန့် အနည်းငယ်
စပါးလင် ၃ ပင်
ငရုတ်သီးစိမ်း ၁၀ တောင့် ( ခွဲခြမ်း )
ငရုတ်သီး အစိမ်းမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
ဆီ ထမင်းစားဇွန်း ၄ ဇွန်း
ရှမ်းနံနံ ၅ ရွက်

image