26 w - Translate

အားပျော့သော လာနီညာကြောင့် မြန်မာနိုင်ငံ၏ ဆောင်းရာသီကာလ ရက်ရှည်ကြာနိုင်

အားပျော့သော လာနီညာမှာ ၂၀၂၅ ခုနှစ် ဧပြီလအထိ ဆက်လက်ပေါ်ဖြစ်နိုင်သောကြောင့် မြန်မာနိုင်ငံ၏ ဆောင်းရာသီကာလမှာ ရက်ကြာရှည်နိုင်ပြီး ၂၀၂၅ ခုနှစ် မတ်လဆန်းပိုင်းအထိ အအေးဓါတ် ရရှိနေနိုင်မည်ဟု ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပြောဆိုသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ အားပျော့သော လာနီညာ ဆက်ဖြစ်နေနိုင်မည့် အခြေအနေမှာ (၅၉) ရာခိုင် နှုန်းရှိနေကြောင်း ဦးဝင်းနိုင်က ဆိုသည်။

ထို့ပြင် မတ်လမှ မေလအတွင်း အယ်လ်နီညို မဟုတ်၊ လာနီညာ မဟုတ်သော ပုံမှန်ရာသီဥတု (Neutral) ဖြစ်နိုင်မည့် အ ခြေအနေ (၆၀) ရာခိုင်နှုန်းရှိနေကြောင်း NOAA - Climate Prediction Center - CPC မှ ဇန်နဝါရီ (၁၃) ရက်က ထွက်ရှိလာသည့် ထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း ၎င်းက ပြန်လည်မျှဝေထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ဆောင်းရာသီကာ လသည်လည်း ရက်ရှည်ကြာပြီး ၂၀၂၅ ခုနှစ် မတ်လဆန်းအထိ အအေးဓါတ် ရရှိနေနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားခြင်းဖြစ်သည်။

image