26 w - Translate

ဧရာဝတီမြစ်ရေသည် ရေနည်းအသိပေးမှတ်အောက်သို့ ကျဆင်းလာနိုင်ဟုဆို

ဧရာဝတီမြစ်ရေသည် နောက်(၅)ရက်အတွင်း ရေနည်းအသိ ပေးမှတ်အောက် (၃၆၀)စင်တီမီတာသို့ ကျဆင်းလာနိုင် သည်ဟု ဇန်နဝါရီ (၁၅)ရက် မွန်းလွဲပိုင်းအချိန်၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။

မိုး/ဇလ၏ အသိပေးချက်အရ ဧရာဝတီမြစ်ရေသည်ဇန်န ဝါရီ(၁၅)ရက် တိုင်းထွာချက်အရ မန္တလေးမြို့၌ (၂၉၄) စင်တီမီတာသို့ရောက်ရှိနေပြီး ဧရာဝတီမြစ်ရေသည် နောက် (၅) ရက်အတွင်း လက်ရှိရေမှတ်အောက်ကျဆင်းလာနိုင်ကာ မ န္တလေးမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက်တွင်ဆက် လက်ရှိနိုင်သည်ဟု ဆိုသည်။

အလားတူ ဧရာဝတီမြစ်ရေသည် စစ်ကိုင်းမြို့၌ ရေနည်းသ တိပေးမှတ် (၁၇၀)၊ ညောင်ဦးမြို့တွင် ရေနည်းသတိပေးမှ တ် (၁၀၂၀)၊ ချောက်တွင် (၂၇၅)၊ မင်းဘူးနှင့်မကွေးတွင် ရေနည်းသတိပေးမှတ်(၄၁၀)တွင် တည်ရှိနေကြောင်း သိရသည်။

ထို့အတူ ချင်းတွင်းမြစ်ရေသည် ရေနည်းအသိပေးမှတ် (၁၀ ၀) စင်တီမီတာရောက်ရှိနေပြီး အခြားသောမြစ်များဖြစ်သ ည့် ဒုဌဝတီ၊ မြစ်သာ ၊စစ်တောင်း၊ ရွှေကျင်၊ ပဲခူး၊ သံလွင်၊ သောင်ရင်း၊ ငဝန်၊ တိုး၊ ဘီးလင်း၊ နန့်ယင်း၊ နန့်ကောင်းမြစ်များအနေ ဖြင့် ရေနည်းသတိပေးမှတ်ရောက်ရှိခြင်းမရှိသေးကြောင်း မြစ်ရေအခြေအနေပြဇယားဖော်ပြချက်အရ ကြော င်း သိရသည်။

image