အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာအနေနဲ့ ဂါဘရီရယ်လ်ဂျီးဆပ်စ်ဒဏ်ရာရပြီးကတည်းကအသင်းဆီခေါ်ယူအားဖြည့်မဲ့ပစ်မှတ်ကစားသမားအဖြစ်ရွေးချယ်စရာကစားသမားရှိထားပြီးပြီလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ဂန်းနားအသင်းဟာ တိုက်စစ်ပိုင်းမှာ ဘူခါယိုဆာကာ၊အီသာန် ဗာနီရီနဲ့နောက်ဆုံးမှာတော့ ဂါဘရီရယ်လ်ဂျီးဆပ်စ်တို့ဒဏ်ရာအပြင်းအထန်ရတာကြောင့်တရာသီလုံးအနားရယူဖို့ရှိနေတာကြောင့်တိုက်စစ်ပိုင်းကစားသမားဒဏ်ရာပြသနာရင်ဆိုင်နေရပါတယ်။

ဒဏ်ရာပြသနာအပြင် အသင်းရဲ့တဦးတည်းသောတိုက်စစ်မှူး ကိုင်ဟာဗတ်ဇ်အနေနဲ့လည်း ကစားပုံအတော်ကျဆင်းလာခဲ့ပြီး နောက်ပိုင်းမှာဝေဖန်မှုခံလာရတဲ့အထိဖြစ်နေခဲ့ပါတယ်။

အာတီတာအနေနဲ့ကတော့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာအသင်းဆီကစားသမားခေါ်ယူအားဖြည့်မှုနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ဘယ်သူဟာငါတို့ခေါ်ယူချင်တဲ့ကစားသမားလဲဆိုတာငါတို့သိပါတယ်။ငါတို့မှာငါတို့လိုချင်တဲ့ကစားသမားတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့အခွင့်အရေးအများကြီးရှိပါတယ်။

ဒီမတိုင်ခင်မှာတော့ ဂါဘရီရယ်လ်ဂျီးဆပ်စ်အနေနဲ့ဒဏ်ရာပြသနာကြုံတွေ့ခဲ့ရပြီးလက်ရှိမှာလည်းထပ်မံကြုံတွေ့ခဲ့ရပါတယ်။ငါတို့အနေနဲ့ ရှေ့ဆက်ပြီးဘာတွေဖြစ်မလဲဆိုတာဆက်စောင့်ကြည့်ရပါမယ်လို့အာတီတာကပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image