26 ပတ် - ဘာသာပြန်ပါ။

Hyena Road (2015)🤗😍😱#စစ်းကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက်

အမေရိကန်ဦးဆောင်တဲ့ အာဖဂန်စစ်ပွဲထဲက ကနေဒါစစ်ဆင်ရေး တပ်ဖွဲ့တွေအကြောင်း စိတ်လှုပ်ရှားဖွယ်မြင်တွေ့ရမှာဖြစ်ပြီး ခေတ်သစ်စစ်ပွဲတွေရဲ့ မရိုးရှင်းလှတဲ့ ဗျူဟာမြောက်လုပ်ငန်းစဉ်တွေ အကြောင်းကိုလည်း ကြိုးစားတင်ပြထားတာ တွေ့ရမှာပဲဖြစ်ပါတယ်

တောခွေးလမ်းမဟာ အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒဟာဒေသမှာ
စစ်ဆင်ရေး ဖော်ဆောင်ရတဲ့ ကနေဒါတပ်ဖွဲ့များ ဖောက်လုပ်ခဲ့တဲ့ ဗျူဟာမြောက်ထောက်ပို့လမ်းကြောင်း တခုဖြစ်ပါတယ်

ကန်ဒဟာဒေသဟာ တာလီဘန်တို့လှုပ်ရှားကြီးစိုးရာ ဒေသဖြစ်တဲ့ အပြင် တောင်စွယ် တောင်ကုန်း လျှို ချောက်များဖြင့် ကြမ်းတမ်းတဲ့ မြေမျက်နှာသွင်ပြင်ရှိရာ ဒေသဖြစ်လို့ တောခွေးလမ်းမကြီးကို ၂၀၀၆ ကနေ ၂၀၁၁ အထိ ၅ နှစ်ကြာအချိန်ယူတည်ဆောက်ခဲ့ရပါတယ်

ဒီရုပ်ရှင်မှာတော့ စနိုက်ပါသမားဖြစ်တဲ့ Ryan Sanders နဲ့ သူ့အဖွဲ့ဟာ တောခွေးလမ်းမ ဆောက်လုပ်ရေးလုပ်ငန်းကို တာလီဘန်တို့ နှောင့်ယှက်ခြင်းဘေးကနေ ကာကွယ်စောင့်ကြပ်ပေးရတဲ့အဖွဲ့ ဖြစ်ကြပါတယ်

တဖက်မှာလည်း စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးအရာရှိ
Pete Mitchell ဟာ တောခွေးလမ်းမ ပြီးစီးအောင်ဖောက်လုပ်နိုင်ဖို့
ထောက်လှမ်းရေးနည်းအတိုင်း ဒေသခံများနှင့် ရင်းနှီးမှုယူကာ ဗျူဟာဖော်ဆောင်နေခဲ့ပါတယ်..

လမ်းမကို စောင့်ကြပ်နေရင်း တနေ့မှာတော့ Ryan Sanders တို့အဖွဲ့ဟာ တာလီဘန်တို့ရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံရပါတော့တယ်

အင်အားမမျှတဲ့ စနိုက်ပါသမားအုပ်စုဟာ တာလီဘန်တွေကို ခံပစ်ထားနိုင်ဖို့ အနီးအနားက ဟာဂျီဘာဘာရွာထဲ ဝင်ပြေးရပြီး ရွာ တစ်နေရာအရောက်မှာတော့ ထူးထူးဆန်းဆန်းမျက်လုံးတွေနဲ့ အဘိုးအိုတစ်ယောက်က ၎င်းတို့စနိုက်ပါအဖွဲ့ကို တာလီဘန်တို့လက်မှ လွတ်အောင်ဝှက်ပေးခဲ့ပါတယ်...

ဒီအကြောင်းကို ထောက်လှမ်းရေးအရာရှိ Pete Mitchell တစ်ယောက် သိရှိသွားရာမှာတော့...

\#crd

image