သင့်ရဲ့ ဘဝကို လျှို့ဝှက်စွာ နေထိုင်ပါ
သင့်ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးအခြေအနေတွေကို
လိုင်းပေါ်မတင်ပါနဲ့
သင့်ကလေးတွေရဲ့ ပညာရေးအောင်မြင်မှုမှတ်တမ်းတွေကို
လိုင်းပေါ်မတင်ပါနဲ့
သင်ဝယ်ခဲ့တဲ့ စျေးကြီးလှတဲ့ ပစ္စည်းတွေကို ကြွားဝါကာ
လိုင်းပေါ်မတင်ပါနဲ့
ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားက.....
လူတိုင်းအားလုံးက သင်နဲ့ထပ်တူ ပျော်ရွှင်ဝမ်းမြောက်နိုင်မှာ
မဟုတ္လို့ပါ
သင်ရလိုက်တဲ့ comment အများစုဟာ အယောင်ဆောင်တွေပါပဲ
သင်နဲ့ သင့်ရဲ့ မိသားစုအပေါ် မကောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ဖို့
ပတ်ဝန်းကျင်ကို ဖိတ်ခေါ်နေသလိုပါပဲ
သင့်ရဲ့ ဘဝထဲကို မနာလိုတတ်တဲ့သူတွေ ဝင်ရောက်လာဖို့
ဆွဲခေါ်နေသလိုပါပဲ
သင် လိုင်းပေါ်တင်ခဲ့တဲ့ ပုံတွေကို ဘယ်သူတွေက saveထားပြီး
ဘယ်လိုနေရာတွေမှာ ပြန်အသုံးချနေလဲဆိုတာ သင်မသိနိုင်ပါဘူး
သင့်ရဲ့ ပြောင်းလဲနေတဲ့ ဘဝအခြေအနေနဲ့ အဆင့်အတန်းတွေကို
ဘယ်သူတွေ စောင့်ကြည့်စစ်ဆေးနေတယ်ဆိုတာ သင်မသိနိုင်ပါဘူး
တစ်ခုခုဆို လိုင်းပေါ်တင်လိုက်မယ်ဟဲ့"ဆိုတဲ့ စိတ်ကို ဖျောက်ပါ
မဆင်မခြင် လိုင်းပေါ်ခဏခဏတင်တတ်တဲ့ အပြုအမူမျိုးတွေ
လုပ်နေတာကို ရပ်တန့်လိုက်ပါ
ဘာလို့လဲဆိုတော့
ဒီလိုမျိုးအပြုအမူတွေဟာ..
သင့်ရဲ့ ဘဝ
သင့်ရဲ့ မိသားစု
သင့်ရဲ့ အိမ်ထောင်ရေး
သင့်ရဲ့ အသက်မွေး၀မ်းကျောင်း စတဲ့ အရာတွေကို
လုံးဝဖျက်ဆီးသွားနိုင်လို့ပါ
လူအများသုံးနေကြတဲ့ အင်တာနက်ဟာ
မကောင်းမြင်တတ်တဲ့ မျက်လုံးတွေ
မကောင်းဆိုးဝါး တစ်ကောင်အလား ဆိုးသွမ်းလှတဲ့ နားနဲ့ ပါးစပ်တို့လိုပဲ
ကြောက်စရာကောင်းလှတဲ့ ထောင်ချောက်ထဲ သင်မကျမိပါစေနဲ့
သင့်ရဲ့ ကိုယ်ပိုင်ဘဝကို လျှို့ဝှက်စွာ ဆက်လက်နေထိုင်ပါ ....❤️
