အဂ်လန်ပရီးမီးယားလိဂ်ကလပ်အသင်းကြီးအာဆင်နယ်အသင်းဟာ မာလ်တင်ချူဘီမန်ဒီကိုလက်မှတ်ထိုးခေါ်ယူဖို့ပြင်ဆင်နေပြီး အဆိုပါကစားသမားအနေနဲ့ ဂန်းနားအသင်းကိုဒီရာသီကာလကုန်ဆုံးပြီးနောက်မှာတော့ပြောင်းရွှေ့လာလိမ့်မယ်ဆိုတာခန့်မှန်းရတယ်လို့ Daily Mail သတင်းကဖော်ပြခဲ့ပါတယ်။

မီခေးလ်အာတီတာအနေနဲ့ ရီးရဲလ်ဆိုစီဒက်ကစားသမားမာလ်တင်ချူဘီမန်ဒီကို စိတ်ဝင်စားလာခဲ့တာ ၁၂ လတာကာလလောက်ရှိလာခဲ့ပြီး လက်ရှိမှာတော့ ဆွေးနွေးမှုတွေဟာ တုံ့ပြန်မှုတွေအတော်လေးရှိလာတာဖြစ်ကာနောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဂန်းနားအသင်းကတော့ အဆိုပါကစားသမားရဲ့စာချုပ်ပါလျော်ကြေးအတွက် ယူရိုသန်း ၆၀ ပေးချေဖို့အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။

ဒါပေမဲ့လက်ရှိမှာတော့ အာဆင်နယ်အသင်းအနေနဲ့ ဘူခါယိုဆာကာနဲ့ ဂါဘရီရယ်ဂျီးဆပ်စ်တို့ဒဏ်ရာရခဲ့ပြီးကာလရှည်အနားယူရမှာဖြစ်တာကြောင့်တိုက်စစ်မှူးသစ်လိုအပ်နေပေမဲ့ ဂန်းနားအသင်းအနေနဲ့ မာလ်တင်အိုဒီဂတ်ကိုအသင်းဆီခေါ်ယူအားဖြည့်ဖို့စိတ်ဝင်စားမှုရှိနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့လည်း မာလ်တင်ချူဘီမန်ဒီကိုအသင်းဆီချက်ချင်းပြောင်းရွှေ့လာစေချင်နေပေမဲ့ ရီးရဲလ်ဆိုစီဒက်အသင်းအနေနဲ့ကတော့ ချူဘီမန်ဒီကိုဒီရာသီကုန်တဲ့အထိအသင်းမှာဆက်ရှိသွားရန်ဆက်ထိန်းထားဖို့ရှိနေပါတယ်။
 
#ဘောလုံးသတင်းစုံ

image