ပေါက်တယ်နော်.......
Aqua ဆိုတာ နောင်တအနည်းဆုံး
အကြောက်တရားအနည်းဆုံး
ခံစားချက် ဖော်ထုတ်ပြသမှု အနည်းဆုံး ဆိုတဲ့ အရာတွေနဲ့ ပြည့်နက်နေတယ်
Aquaတယောက်ဟာ သနားညှာတာမှုကင်းမဲ့တယ်။
Aquaမှာ နောင်တမရှိဘူး
သူက ဘယ်ဟာက နောင်တတရားလဲဆိုတာသိတယ်
လုပ်လိုက်တယ်လေ
ဘာဖြစ်လို့လဲဆိုတဲ့ လူမျိုး
Aquaတယောက်ရဲ့ စိတိကို ရင်းနီီးဖို့
ဘာခံစားနေရတယ်ဆိုတာသိဖို့ ဘယ်သူမှာမှ အရည်အချင်းမရှိနေပါဘူး
Aquaဟာ မုန်တိုင်းပြင်းထန်တဲ့ရေပြင်ကြီးနဲ့တူတယ်
ဘယ်အရပ်ကို ဘယ်လိုဖျက်ဆီးတိုက်ခတ်မလဲမသိနိုင်ဘူး
ပိုဆိုးတာက ဘယ်အရာကိုမှ အထင်မကြီးသော
ဘယ်အရာကိုမှ မကိုးကွယ်သောလူသား
Aquaဂျိုပေါက်တာမြင်ဖူးလား
တော်ရုံသာအပျော်ပြောနေကြတာ
Aquaဂျိုကို မြင်လဲမမြင်နိုင်သိလဲမသိနိုင်ဘူး
Aquaကိုဂျိုပေါက်နေပြီအထင်နဲ့ သွားစမ်းရင်
သူက ဂျိုတပ်ပေးလိုက်လိမ့်မယ်
အေးစက်မှုအပေါင်း သရဖူဆောင်း၍
တကြိမ်တခါမျှလေးတောင် ရီပြမနှုတ်ဆက်တတ်သော
လူမှုရေးအရ အားနာမှုလေးနဲ့တောင် မနှုတ်ဆက်တတ်ဘူး
သူမကြည်ရင်လစ်ပဲ
Aquaဟာ gemini ကို သိပ်ချစ်တယ်
Matchဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်
ဘာလို့လဲဆို သူ့စိတ်တိုင်းကျ တွေးပေးနိုင်လို့
သူဘာလုပ်နေလဲ ဘာဖြစ်နေလဲဆိုတာကို
သူနဲ့ အပြိုင်ကစားနိုင်လို့တဲ့
Aquaကို မြန်မာလို ကုမ်ရာသီလို့ခေါ်တယ်
ကုမ်ရာသီ ကုမ် စန်း ကုမ် လဂ် သမားတွေဟာ
ရင့်နေအောင်သွေးထားတဲ့ ဓါးလို တဆစ်ဆစ်နာအောင် စကားပြောတတ်တယ်
အပြုံးမပျက်ဘဲ တဖက်သားခွေယိုင်လဲသွားအောင်
ပြောတတ်တဲ့လူတွေပါပဲ
ဒါပေမဲ့ ထူးဆန်းစွာ စကားမပြောဘူး
လူတွေကို မဆက်ဆံလိုဘူးတဲ့
တဖက်သားကို တိတ်ဆိတ်စွာသာကြည့်တယ်
တိတိဆိတ်စွာသာ ချစ်တယ်
တိတ်ဆိတ်စွာသာ အနမ်းပေးတယ်တဲ့
Aquaတွေဟာ အထပ်ထပ်ပြောရတာ
ဒူတာ ဝေးတာတွေ သိပ်မကြိုက်ဘူး
ဒါ့ကြောင့်လူတွေနဲ့ဝေးဝေးနေတယ်
လူတွေကို ရူးနေကြတယ်လို့တွေးတာ
သူ့ကမ္ဘာမှာသူနေတယ်
လာရှုပ်ရင်ထရှင်းတယ်
မဟုတ်ရင် ချိုသည် ခါးသည်
ကောင်းသည်ဆိုးသည်ဘာမှ မဝေဖန်ဘူး
လူတွေက ရူးနေလို့
သူအဖက်လုပ်ပြောရသူတွေမဟုတ်လို့တဲ့
သူအဖက်လုပ်စကားပြောတာ
အကြံတွေပေးနေတာတွေက
သင့်မှာ တခုခု သူသဘောကျတာ
အထင်ကြီးတာ ကောင်းတယ်ထင်တာ ရှိနေလို့
မဟုတ်ရင်
ရူးနေတယ်ပဲထင်ပြီး ဘယ်တော့မှ အဖက်မလုပ်ချေ....

thann pay
Delete Comment
Are you sure that you want to delete this comment ?