- ငှက်ပျောထုပ် ကောက်ညှင်းထုပ် လုပ်နည်း -
Banana in Sticky Rice
ကောက်ညင်းငှက်ပျောထုပ်ကို နေရာဒေသအလိုက် ပုံစံအမျိုးမျိုး လုပ်စားကြတဲ့ထဲက မြန်မာကောက်ညင်းထုပ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ မိမိနှစ်သက်ရာ အရွယ်ထုပ်နိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
- ပါဝင်ပစ္စည်း - (၈ ထုပ်စာ )
ကောက်ညင်းဆန် - ၄ ခွက် ဆန်ချိန်ခွက်
ရခိုင်ငှက်ပျောသီး - ၈ လုံး
ငှက်ပျောဖတ် (ရွက်) - ထုပ်ရန်
သကြား - ဖြူးစားရန်
အုန်းသီးဆံ
- ပြင်ဆင်ပြုလုပ်ပုံ အဆင့်ဆင့် -
(၁) ကောက်ညင်းကို လေးနာရီခန့်ရေစိမ်ပြီး ရေစစ်ထားပါ။
(၂) ငှက်ပျောဖတ်ကို ရေဆေးသန့်စင်ပြီး နေအနည်းငယ်လှန်းပြီး ( မီးပြပြီး ) အနေတော်အရွယ်ဖြတ် ဆီလူးထားပါ။
(၄) အားလုံးအသင့်ဖြစ်ပါက ကောက်ညင်း ၃ ဇွန်းဖြန့်ထည့်ပါ။အလယ်တွင် ငှက်ပျောသီးတစ်လုံးထည့်ပြီး အပေါ်မှကောက်ညှင်း ပြန်အုပ်ကာလုံအောင်ထုပ်ပါ။
(၅) အားလုံးထုပ်ပြီးပါက နှစ်ထုပ်တွဲကြိုးဖြင့်ချည်ပြီး ပေါင်းအိုးတွင်ထည့်ကာ တစ်နာရီလောက် ပြုတ်ပါ။
(၆) ကောက်ညင်းကျက်ပြီး ငှက်ပျောသီးနူးအိပါက ဆယ်ယူပြီး အအေးခံကာ အုန်းသီးသကြားဖြူးပြီး သုံးဆောင်နိုင်ပါပြီး။
#မြိန်မြိန်

imageimage