ကိုရီးယားနိုင်ငံသို့ EPS လုပ်သား ၁၄၄ ဦးစေလွှတ်
-----------------------
ကိုရီးယားနိုင်ငံကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ကတစ်ဆင့် EPS စနစ်နဲ့ မြန်မာအလုပ်သမား ၁၄၄ ယောက်ကို ဇန်နဝါရီ ၁၅ ရက်က စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ လုပ်သားတွေစေလွှတ်ရာမှာ ကုန်ထုတ် လုပ်ငန်းအတွက် လုပ်သားသစ် ၁၀၇ ယောက်၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းအတွက် လုပ်သားသစ် ၃၇ ယောက် စုစုပေါင်း ၁၄၄ ယောက် စေလွှတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ ကိုရီးယားကို EPS စနစ်တစ်မျိုးတည်းနဲ့ပဲ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက စေလွှတ်နေ တာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံကို လုပ်သားတစ်သောင်းကျော်စေလွှတ်သွားဖို့ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီးလုပ်သားတွေပါ စေလွှတ်သွားမယ်လို့ သိရပါတယ်။
