၁၃။ ကြံမဆိုင်ဟင်းချို

ပါဝင်ပစ္စည်းများ
ပုဇွန် သန့်ပြီးသား- ငါးကျပ်သား
ကြံမဆိုင် - ဟင်းပြင်ပန်းကန် တလုံးစာ (အနေတော် လှီးထားပါ)
ဘရော့ကိုလီ - ၃ခက် (အနေတော် လှီးထားပါ)
ပဲပြား - အတုံးသေး ၁၀တုံး
ကြက်သွန်ဖြူ - သုံးမွှာ (အခွံခွာပြီး ဓါးပြားရိုက်ထားပါ)
ကြက်သွန်နီ - တစ်ခြမ်း (အခွံခွာပြီး လေးစိတ်စိတ်ထားပါ)
ချင်း - လက်တစ်ဆစ် (အပြားလေးတွေ လှီးထားပါ)
ပန်းဂေါ်ဖီ - သုံးခက် ( အနေနော် လှီးထားပါ)
မုံလာဥနီ - တစ်ဥ (အတုံးလေးတွေ လှီးထားပါ)
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ရေ - တရုတ်ဟင်းရည်သောက်ပန်းကန် သုံးလုံး

ပြင်ဆင်ပုံ
ပုဇွန်ကို ချင်းပြား ဟင်းချိုမှုန့်နှင့်ဆားထည့်ပြီး ရေအနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
ပုဇွန်မာလာတာနဲ့ ရေ တရုတ်ဟင်းရည်သောက် ပန်းကန်လုံး ၂လုံးစာထည့်ပြီး ပါဝင်ပစ္စည်း အားလုံးထည့်ကာ ရေဆူအောင်တည်ပေးပါ
ရေပွက်ပွက်ဆူပြီး အသီးအရွက်များ နူးတာနဲ့ အရသာမြည်း လိုသလိုပြင်ကာ သောက်နိူင်ပါပြီ။

image