27 w - Translate

နိုင်ငံခြားငွေကို ရောင်းဝယ်လဲလှယ်ပေးနေသည့် ဖေ့စ်ဘွတ်ခ် များကို အရေးယူ

နိုင်ငံခြားငွေကို ရောင်းဝယ်လဲလှယ်ပေးနေတဲ့ ဖေ့စ်ဘွတ်ခ် Group တွေ၊ Page တွေနဲ့ လူတွေကို အရေးယူနိုင်ဖို့ စိစစ်နေတယ်လို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
လက်ရှိကာလမှာလည်း ငွေလွှဲလုပ်ငန်း ကျော်စောသတင်းရှိသူတွေကို အရေးယူနေတာကြောင့် သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သူ ၂၆ ယောက်ကို စိစစ်ရာမှာ ရဲတပ်ဖွဲ့က လူ ၉ ယောက်ကို အမှုဖွင့်အရေးယူထားပြီး ၆ ယောက်ကိုတော့ သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေမှာ တရားစွဲဆိုတင်ပို့ထားတယ်လို့ ဖော်ပြထားပါတယ်။

image