27 w - Translate

M-egalomaniac (2022)
၁၉၉၀ ခုနှစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံမှာ ၆ လအတွင်း အမျိုးသမီး ၁၅ ယောက်တိတိကို သတ်ပြီးတော့ လူမြင်ရာတွေမှာ အလောင်းအိတ်တွေနဲ့ ချန်ထားလေ့ရှိတဲ့ လူသတ်သမားတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီလူသတ်သမားဆီမှာ မာသာနဲ့ ဖီးလစ်လိုခေါ်တဲ့ သားသမီး နှစ်ယောက်ရှိခဲ့ပါတယ်။ ဖီးလစ်ကတော့ အဖေမရှိတော့တဲ့နောက်ပိုင်း အဖေ့ခြေရာနင်းပြီး လူလိုက်သတ်ပါတယ်။ မာသာကတော့ သန့်ရှင်းဝန်ထမ်း တစ်ယောက်ပေါ့။ သူဟာ အလုပ်မှာ အမြဲကိုယ်ထိလက်ရောက်ကျူးလွန်ခံရပါတယ်။ အလုပ်မှာလည်း လူလိုဆက်ဆံမခံရ၊ ဘဝကြီးကိုလည်း ပုံမှန်လူတွေလိုမဟုတ်ဘဲ တစ်ဆင့်ခံမြင်ရကြားရတဲ့ အခြေအနေမျိုးနဲ့ပဲ ဖြတ်သန်းရတဲ့ မာသာဟာ ကြာလာတဲ့အခါ စိတ်ရူးပေါက်ပြီးတော့ လူမဆန်တဲ့လုပ်ရပ်တွေကို လုပ်လာပါတော့တယ်။ ဒီလိုနဲ့ပဲ မာသာတစ်ယောက် စိတ်ထွက်ပေါက်ကို ဘယ်လိုနည်းတွေနဲ့ရှာလဲ… ကြုံခဲ့ရတဲ့အဖြစ်ဆိုးတွေကို ဘယ်လိုဝ⁠ဋ်ကြွေးပြန်ဆပ်မလဲ… ဆိုတာကို အလန့်တကြားကြည့်ရမှာပဲဖြစ်ပါတယ်။
#horror

image