#ပုဇွန်ချဉ်ထမင်းကြော်
ပုဇွန်ချဉ်လေးတွေကိုအတုံးလေးလှီးထားပြီး ဆား အချိုမှုန့်လေးနဲ့နယ်ထားပေးပါ။ ထမင်းကိုချေ သကြား ခရုဆီ ကြက်သားမှုန့် ဆနွင်းအနည်းငယ်ထည့်ပြီး နယ်ထားပေးပါ။ ( ဆနွင်းကမထည့်လည်းရပါတယ် ကိုယ်ဆိုထည့်ဖူး မကြိုက်လို့ )
ဆီထည့် ဘဲဥ တစ်လုံး ဖောက်ထည့်ပြီး မွှေ ပြီးမှ ထမင်းချေထားတာထည့် ၃မိနစ်လာက်မွှေပေးပြီးရင်တော့ ပုဇွန်ချဉ်လေးတွေထည့်။ ထမင်းကြော်အနံ့လေးသင်းလာပြီဆို စားလို့ရပါပြီနော်။ အီမှာလည်းမစိုးရိမ်ရတော့ဖူး ပုဇွန်ချဉ်လေးနဲ့ဆိုတော့။ ရေနွေးကြမ်းလေးနဲ့ဆို ရှယ်ဘဲ …
