ပြစ်မှုကျူးလွန်ထားတဲ့သူတစ်ယောက်က
ခွင့်လွှတ်မလား စွန့်လွှတ်မလား ဆိုတဲ့
မေးခွန်းကိုလိပ်ပြာလုံစွာနဲ့နာနာကျင်ကျင်မေး
တယ် ။
စိတ်ကိုခပ်တဲ့ အဆိပ်တစ်ခွက်ပါပဲ ။
မခွဲနိုင်လို့ ချစ်လွန်းလို့ ခွင့်လွှတ်လိုက်မယ် ဆိုရင်တောင် လုပ်ရက်လိုက်တာ ငါ့ကိုမချစ်လို့များလား ဆိုတဲ့အတွေး နဲ့ နောက်တစ်ခါ ထပ်ကျူးလွန်ရင်ရော ဆိုတဲ့ သံသရဟာ ခွင့်လွှတ်ပေးလိုက်သူရဲ့ စိတ်နယ်ပယ်ထဲမှာ သူ့အတွေးတွေကို သေချာပေါက် လှိုက်စား ငြင်းဆဲ နေမှာ ။
နာနာကျင်ကျင်ပဲ
ကိုယ့်ကို နာကျင်အောင်လုပ်တဲ့သူကို စွန့်လွှတ်
နိုင်တာ အောင်မြင်မှု တစ်ခုပဲ လို့တွေးပြီး
စွန့်လွှတ်လိုက်ပြန်တော့လဲ အကြီးမားဆုံး ဆုံးရှုံးမှုကြီးဟာကိုယ်ချစ်မြတ်နိုးရတဲ့သူကို
စွန့်လွှတ်ရခြင်းပါ ။
ဟော
စွန့်လဲမစွန့်လွှတ်နိုင် ခွင့်လဲခွင့်မလွှတ်နိုင် အခြေအနေကြီးကျတော့လဲ သူလဲ အဆင်မပြေ ကိုယ်လဲ အဆင်မပြေ ။ လူနှစ်ယောက်ရဲ့နောက်ကိုသံသရ ဆိုတဲ့ စည်း နဲ့ သိမ်ငယ်မှု ဆိုတဲ့ စိတ်အခြေအနေနှစ်ခုဟာ လိုက်လာတော့မှာ ။
ကျူးလွန်သူအတွက်တော့ ပြီးပြီးရော ဆိုပေမဲ့
ကျူးလွန်ခံရသူအဖို့တော့ သူ့ဘဝဟာ အဆိပ်မိသွားသလိုပါပဲ … အကောင်သေးသေးလေးက
တစ်ဆစ်ဆစ်နာအောင်ကိုက်တယ် ဆိုပေမဲ့
အော်လို့မရတဲ့ အခြေအနေတွေလိုမျိုးပေါ့ ….