ဖားကန့်မြို့တွင် ကျောက်စိမ်းတူးဖော်သည့် နွံကန်ပြိုကျမှုကြောင့် သေဆုံးသူကလေးရုပ်အလောင်းများ အပါအဝင် စုစုပေါင်းအလောင်း (၂ဝ) ရှာဖွေတွေ့ရှိ

ဇန်နဝါရီ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာတွင် ကျောက်စိမ်းတူးဖော် သည့် နွံကန်ပြိုကျမှုကြောင့် သေဆုံးသူကလေးရုပ်အလောင်းအပါအဝင် စုစုပေါင်းအလောင်း (၂ဝ) ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက် နံနက် ၁ နာရီကျော်တွင် ဆိုင်းတောင်စပေါ့ကျေးရွာသို့ နွံကန်ပေါက်ကျ၍ နေအိမ် အများအပြားနစ်မြုပ်ခဲ့ရပြီး သေဆုံးသူများလည်းရှိသလို ထိုဖြစ်စဉ်နေရာသို့ ကူညီကယ်ဆယ်ရေးများ ရောက်ရှိလာပြီး ရှာဖွေမှုများပြုလုပ်ရာ ထိုနေ့တွင် ကလေး (၄) လောင်းနှင့် လူကြီး (၈) လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဇန်နဝါရီလ ၁၄ ရက်နေ့တွင်လည်း ဆက်လက်ရှာဖွေရာ ကလေး (၁) လောင်းနှင့် လူကြီး (၅) လောင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယနေ့ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း ရုပ်အလောင်း (၂) လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့သိရသလောက်ကတော့ အဲ့ရွာက မိန်းကလေး (၃) ဦးကတော့ အသက်ရှင်စွာတွေ့တယ်။ သူတို့ မိသားစုတွေကတော့ အသက်ဆုံးရူံးတယ်။ အဲ့မိန်းကလေး (၃) ဦးထဲကနေ (၁) ဦိးကတော့ ဒဏ်ရာရလို့ ဆေးရုံတင်ထားရတယ်။ ဘက်ဟိုးကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး ရှာဖွေနေတယ်” လို့ မြေပြင်းအားကူညီကယ်ရေးများ ပြုလုပ်နေသည့် လူမှုကူညီရေးထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောက်စိမ်းတူးဖော်သည့် နွံကန်ပြိုကျမှုကြောင့် လူနေအိမ် (၅၀) ကျော် ရွှံ့ထဲနစ်မြုပ်သလို လူ ( ၁၀၀) ကျော်လည်းပျောက်ဆုံးနေကြောင်းလည်း သိရသည်။

#centralnewsnaypyiyaw

image
image
image
image
image