Noroi:The Curse
သဘာဝလွန် ဖြစ်ရပ်တွေကို ရှာဖွေ လေ့လာစူးစမ်းသူ Kobayashi ဟာ သူရှာဖွေတွေ့ရှိတဲ့ အရာတွေ မှန်သမျှကို video မှတ်တမ်းတွေ စာအုပ်တွေ ထုတ်ဝေပီးတော့ အမြဲ ချပြလေ့ ရှိတဲ့ သူ တစ်ယောက်
ဂျပန် နိုင်ငံတွင်းမှာ ဖြစ်ပျက် သမျှ သဘာဝလွန် ဖြစ်ရပ်တွေ မှန်သမျှကို သူ video မှတ်တမ်းတွေ တင်တယ် လေ့လာရှာဖွေတယ်
ဒီလိုနဲ့ Kobayashi တစ်ယောက် " The Curse " ဆိုတဲ့ title နဲ့ documentary တစ်ခုကို စတင် လေ့လာစုံစမ်း ရိုက်ကူးနေချိန် အတွင်းမှာပဲ Kobayashi ကိုယ်တိုင်လဲ ပျောက်ဆုံးသွားခဲ့သလို Kobayashi ရဲ့ အိမ်လဲ မီးလောင် သူ့ရဲ့ မိန်းမကိုလဲ မီးလောင် အပျက်အစီးတွေကြားမှာ ေ-သဆုံးလျက် တွေ့ရှိခဲ့ကြတယ်
Kobayashi တစ်ယောက် ပျောက်ဆုံးသွားပေမယ့် သူလေ့လာစုံစမ်း ရိုက်ကူးနေတဲ့ " The Curse " ဆိုတဲ့ documentary ပါဝင်နေတဲ့ camera ကို ပြန်တွေ့ခဲ့ကြတယ်
ဒီ documentary ထဲမှာ Kobayashi တို့ လေ့လာစုံစမ်းရင်းတွေ့လာခဲ့ကြတာတော့ " Kagutaba " ဆိုတဲ့ နာမည်နဲ့ နတ်ဆိုး တစ်ကောင်
Kagutaba ဆိုတဲ့ နတ်ဆိုးက ဘယ်လောက်ထိ evil ဖြစ်လဲ ဆိုတာ Kobayashi က မှတ်တမ်း တင်လိုက်တဲ့ အခါမှာတော့....?
Noroi : The Curse -(2005)
found footage အမျိုးအစားနဲ့ ရိုက်ကူးထားတဲ့ Noroi : The Curse က 2005 ခုနှစ်ထဲက ထွက်ရှိထားတဲ့ ကားဆိုပေမယ့် Japan found footage horror ကားတွေထဲမှာ တကယ့်ကို ဆရာ တစ်ဆူပါ
သဘာဝလွန် စုံထောက် တစ်ယောက် ဖြစ်တဲ့ Kobayashi နဲ့ အတူ ကြည့်ရှူသူ ပရိတ်သတ်ကြီးကိုယ်တိုင် "Kagutaba " ဆိုတဲ့ နတ်ဆိုး တစ်ကောင် ရုပ်လုံး ပေါ်လာပုံတွေကို ဘေးမှာ လိုက်ကြည့်နေရသလိုကို ကျောချမ်း စေမှာပါ
Horror ကြိုက်သူ ပရိတ်သတ်ကြီးအတွက်တော့ Noroi:The Curse က ညဘက် မီးဖွင့်အိပ်ရတဲ့ အထိ ဖြစ်စေတဲ့ ကားထဲမှာ ပါဝင်နေပါတယ်
မကြည့်ရသေးတဲ့ သူတွေအတွက် ဂျပန်ကားတွေဆို သိပ်မကြိုက်ကြတဲ့ သူတွေ အတွက် Noroi:The Curse ကို မြည်းစမ်း ကြည့်ကြဖို့ ညွှန်းပေးလိုက်ပါတယ်နော်....
#horror
