လော့ဆန်းဂျလိစ်မြို့တော်ဝန်နှုတ်ထွက်ရန် ပြည်သူများဝိုင်းဝန်းတောင်းဆို
လော့ဆန်းဂျလိစ်၊ဇန်နဝါရီ ၁၄
လော့ဆန်းဂျလိစ်၌ တောမီးလောင်ကျွမ်းမှု အပြင်းအထန်ဖြစ်ပေါ်နေစဉ် မြို့တော်ဝန်သည် စီမံခန့်ခွဲမှုမှားယွင်းသည်ဟုဆိုကာ နှုတ်ထွက်ပေးဖို့ ပြည်သူများက ဝိုင်းဝန်းတောင်းဆိုထားကြောင်းသိရသည်။
အဆိုပါတောင်းဆိုမှုကို change.org မှတစ်ဆင့် လက်မှတ်ေရးထိုးတောင်းဆိုထားကြခြင်းဖြစ်ပြီးတနင်္ဂနွေနေ့အထိ လော့စ်ဆန်းဂျလိစ်မြို့တော်ဝန် ကရင်န်ဘက်စ် ကို နုတ်ထွက်ပေးရန်တောင်းဆိုသည့် လက်မှတ်ပေါင်း ၁၁၀,၀၀၀ ကျော်ရရှိထားသည်ဟုသိရသည်။
နှုတ်ထွက်ပေးရန်တောင်းဆိုရခြင်းအကြောင်းအရင်းမှာ ဘက်စ်သည် ပြည်နယ်၌ မီးလောင်နေစဉ် ဇန်နဝါရီ လ ၇ ရက်က ဂါနာ သို့ သံတမန်ခရီးစဉ် သွားနေသောကြောင့်ဖြစ်သည်ဟုသိရသည်။
ထို့အပြင် ပြည်နယ်တွင်း ရေပြတ်လပ်မှုနှင့် အရေးပါသောအရင်းအမြစ်များခွဲဝေသုံးစွဲခြင်း၊ရန်ပုံငွေနည်းပါးခြင်းအပါအဝင် မြို့၏ပြင်ဆင်မှုနှင့် သယံဇာတခွဲဝေမှုများနှင့်ပတ်သက်၍လည်း ဘက်စ်အပေါ်ဝေဖန်ခဲ့ကြသည်။
