ဒေါ်နယ်ထရန့် ကျမ်းသစ္စာမကျိန်ဆိုခင် မြောက်ကိုရီးယားက ဒုံးကျည်တွေပစ်ခတ်ပြီး အင်အားပြ
ဆိုးလ်၊ ဇန်နဝါရီ ၁၄
မြောက်ကိုရီးယားဟာ သူ့ရဲ့အရှေ့ဘက်ကမ်းရိုးတန်းကနေ တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြားကို ဒီကနေ့မှာ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။
အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရန့်ကျမ်းသစ္စာမကျိန်ဆိုခင် ရက်ပိုင်းအလိုမှာ မြောက်ကိုရီးယားက အခုလို ဒုံးကျည်တွေပစ်ခတ် အင်အားပြခဲ့တာဖြစ်ပြီး ဒုံးကျည်တွေဟာ တရုတ်နယ်စပ်အနီး ဂျန်ဂန်းပြည်နယ် ကန်ဂျီကနေ မနက် ၉ နာရီ မိနစ် ၃၀ မှာပစ်ခတ်ခဲ့တာဖြစ်ပြီး ၁၁၅ မိုင်ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ်ဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် ပြင်းထန်တဲ့ ရန်စခြိမ်းခြောက်မှုအဖြစ် တောင်ကိုရီးယားစစ်တပ်က ရှုတ်ချထားပြီး နောက်ထပ်ရန်စမှုတွေကို တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။ ဒါဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာလို့လည်း တောင်ကိုရီးယားယာယီသမ္မတက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီက အစည်းအဝေးတရပ်ပြုလုပ်ခဲ့သလို မြောက်ကိုရီးယားအနေနဲ့ နောက်ထပ်မတည်မငြိမ်လုပ်ရပ်နဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ရှောင်ရှားဖို့ အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်ကလည်း တိုက်တွန်းထားပါတယ်။
ဒုံးကျည်ပစ်ခတ်မှုဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီအိုင်ဝါယာ တောင်ကိုရီးယား ခရီးစဉ်နဲ့လည်း တိုက်ဆို်ငနေပြီး ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကိုလည်း တက်ရောက်မှာဖြစ်ကာ မြောက်ကိုရီးယားရဲ့ အာရှအိမ်နီးချင်းနိုင်ငံတွေဟာ အမေရိကန်အစိုးရသစ်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးပမ်းနေကြပါတယ်။
Ref:Reuters
Photo:Reuters
#သတင်းဟင်းလေးအိုးကြီး
