27 ပတ် - ဘာသာပြန်ပါ။

နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပေါ်လာရေး 7 EAO Alliance ဆွေးနွေး

ဇန်နဝါရီ ၁၄

သက်ဆိုင်သူ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရေး တိုင်းရင်းသား လက်နက်ကိုင် (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance က အစည်းအဝေး တစ်ရပ် ကျင်းပ၍ ဆွေးနွေးခဲ့ကြသည်။

7 EAO Alliance သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က အစည်းအဝေး ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေး အခင်းအကျင်းနှင့်အညီ ဆောင်ရွက် နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ် လာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး၊ EAO များအတွင်း Coordination and Cooperation ပိုမို ရရှိ လာစေရေး၊ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

7 EAO Alliance ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရက်တစ် ကရင်အမျိုးသားတပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့ဖြင့် စုဖွဲ့ထားသည်။

#centralnewsnaypyitaw

image