လော့စ်ဆန်းဂျလိစ်တောမီးကြောင့် အော်စကာဆန်ခါတင်စာရင်းကြေငြာမည့်ရက်ရွှေ့ရပြန်
လော့စ်ဆန်းဂျလိစ်၊ဇန်နဝါရီ ၁၃
လော့စ်ဆန်းဂျလိစ် တောမီးကြောင့် ၂၀၂၅ ခုနှစ်အော်စကာဆုအတွက် ဆန်ခါတင်စာရင်းဝင်သူများ၏ ကြေငြာချက်ကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း ရုပ်ရှင်အနုပညာနှင့်သိပ္ပံအကယ်ဒမီက တနင်္လာနေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည်။
၂၀၂၅ ခုနှစ်အတွက် အော်စကာဆန်ခါတင်စာရင်းများထုတ်ပြန်ရန် မူလက ယခုပတ်သောကြာနေ့သို့ရွှေ့ဆိုင်းထားခြင်းဖြစ်သော်လည်း ဒုတိယအကြိမ်မြောက်ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းလည်းဖြစ်သည်။
တောမီးဆက်လက်ေလာင်နေဆဲဖြစ်သဖြင့် အော်စကာဆုအတွက်မဲပေးမည့်အချိန်ကာလနှင့် ဆန်ခါတင်စာရင်းထုတ်ပြန်မည့်အချိန်ကာလကို ဇန်နဝါရီ ၂၃ အထိရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ ဆုရွေးချယ်ရေးကော်မတီက မတ်လ ၂ ရက်နေ့တွင် ဟောလိဝုဒ်ရှိ Dolby ပြဇာတ်ရုံ၌ အော်စကာဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရန်ရည်ရွယ်ထားဆဲဖြစ်ကြောင်းလည်းဆိုခဲ့သည်။
