27 ပတ် - ဘာသာပြန်ပါ။

ဆီထမင်း ချက်နည်း
ဒီတစ်ခါတော့ အရမ်းလွယ်တဲ့ ဆီထမင်းချက်နည်းလေး ပြောပြပါမယ်။
ပါဝင်ပစ္စည်းများ
———————
၁-ကောက်ညှင်းဆန် -နို့ဆီ ၂ ဘူး
(မနက်စာ အတွက် ညထဲက ကောက်ညှင်းဆန်တွေကို ရေစိမ်ထားပေးပါ။)
၂-ကြက်သွန်နီ -၆ လုံး
၃-ဆား ဆနွင်း အနည်းငယ်
၄-ဆီ ၁၅ ကျပ်သားခန့်
ချက်ပြုတ်နည်း
———————
၁-ဒယ်ပူလာလျှင် ဆီ ထည့် ဆနွင်းအနည်းငယ် ထည့်ပါ။
၂-ကြက်သွန်နီ ပါးပါးလှီးထားတာထည့်ပြီး ရွှေညိုရောင် ရသည်အထိ ကြော်ပေးပါ။
(ဆီထမင်း ပေါ် ဖြူးပြီး စားရန်ပါ)
၃-ကြက်သွန်ကြော်ရလျှင် ဆယ်ထားပြီး ကျန်ဆီများထဲ ရေစိမ်ထားသော ကောက်ညှင်းများ ရေစစ်ထည့်ပါ။
၄-ဆား အနည်းငယ်ထည့်ပြီး ၁ မိနစ်ခန့်မွှေပေးပါ။
၅-ကောက်ညှင်းရေမြုပ်သည်အထိ ထည့်ပြီး အဖုံးအုပ်တည်ထားပါ။
၆-ရေခန်းခါနီးလျှင် ၁ မိနစ်ခန့် မွှေပေးပါ။
၇-ရေခန်းလျှင် ဒယ်အိုးဖုံးပြန်မပိတ်တော့ဘဲ ဒယ်အိုးမကပ်စေရန် မကြာခဏမွှေပေးပါ။
တစ်ဖျစ်ဖျစ်မြည်လာသည်အထိ မွှေပြီးလျှင် ဆီထမင်းအိအိလေးရပါပြီ။
(ချက်စားကြည့်ပါ အရမ်းလွယ်ကူပါတယ် ပုံမှန်ထမင်းကြော်သလိုကိုမှ ကောက်ညှင်းဆန်နှပ်စေဖို့ ရေလေးထည့်ရတာပဲ ကွာပါတယ်နော်)
မိမိကြိုက်နှစ်သက်ရာနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်​ေနာ်။

image