27 w - Translate

အခုလက်ရှိအသုံးပြုနေတဲ့ လေယာဉ်တွေကို နှေးလို့စိတ်တိုင်းမကျဖြစ်နေတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်က အနာဂတ်မှာ SpaceX က ဒုံးပျံတွေကို သုံးပြီးတော့ ခရီးသွားတွေကို သယ်ယူပို့ဆောင်ဖို့ ပြင်ဆင်နေပါတယ် ။

လက်ရှိလေယာဉ်တွေ ကမ္ဘာတစ်ပတ် ပတ်ဖို့ နာရီ (၄၀) လောက်ကြာအောင် အချိန်ယူနေရပြီးတော့ SpaceX က ဒုံးပျံတွေနဲ့ဆိုရင် ကမ္ဘာတစ်ပတ်ကို မိနစ် (၃၀) ဘဲကြာမှာဖြစ်ပါတယ် ။ အီလွန်မက်ကိုယ်တိုင်ကလဲ ဒီအစီအစဉ်က ဖြစ်နိုင်တယ်လို့ ဒေါ်နယ်ထရမ့်မဲဆွဲပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ဘူးပါတယ် ။

ကနဦးအနေနဲ့တော့ တစ်နာရီကီလိုမီတာ ၂၇၀၀၀ အမြန်နှုန်းရှိမယ့် SpaceX ဒုံးပျံနဲ့ ခရီးသွားတွေကို အမေရိကန်နိုင်ငံ နယူယောက်မြို့ကနေ တရုတ်နိုင်ငံက ရှန်ဟိုင်းမြို့အထိကို မိနစ် (၄၀) နဲ့အရောက်ပို့ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။

image