အင်တာမီလန်အသင်းဟာ မန်ချက်စတာစီးတီးအသင်းနောက်ခံကစားသမားကိုင်လ်ဝေါ်လ်ကာကို အသင်းဆီအငှားခေါ်ယူဖို့ အပြိုင်လုပ်ဆောင်ရန်ပါဝင်လာခဲ့ပြီလို့ The Sun သတင်းကဖော်ပြခဲ့ပါတယ်။

ဒီမတိုင်ခင်မှာတုန်းက မန်ချက်စတာစီးတီးအသင်းနည်းပြ ပပ်ဂွာဒီယိုလာအနေနဲ့ အက်ဖ်အေဖလားတတိယအဆင့်မှာ ဆဲလ်ဖော့ဒ်အသင်းကို ၈-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ပြီးနောက်အင်တာဗျူးမှာပြောဆိုလာခဲ့ပြီး အသင်းကပ္ပတိန်ညာနောက်ခံလူကိုင်လ်ဝေါ်လ်ကာအနေနဲ့အသင်းပြောင်းရွှေ့ခွင့်တင်ထားတယ်လို့ဖွင့်ဟလာခဲ့ပါတယ်။

အေစီမီလန်အသင်းအနေနဲ့အဆိုပါကစားသမားကိုခေါ်ယူဖို့စိတ်ဝင်စားမှုရှိပေမဲ့နောက်ဆုံးမှာတော့ အင်တာမီလန်အသင်းကလည်း အဆိုပါအဂ်လန်လက်ရွေးစင်နောက်ခံအစွန်ကစားသမား ကိုင်လ်ဝေါ်လ်ကာကို အသင်းဆီအငှားခေါ်ယူဖို့နောက်ထပ်တသင်းဖြစ်လာတယ်လို့ The Sun သတင်းက ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ ကစားသမားရဲ့ကိုယ်စားလှယ်ဟာ အင်တာမီလန်အသင်းနဲ့ဆွေးနွေးဖို့ချိတ်ဆက်မှုရှိနေပြီး သဘောတူညီမှုရရှိရေးအတွက်ဆွေးနွေးနေဆဲဖြစ်ကာ မြန်မြန်ဆန်ဆန်နဲ့ပဲ့ရှေ့ဆက်သွားနေတယ်လို့ဆိုပါတယ်။
 
#ဘောလုံးသတင်းစုံ

image