တောင်ကိုရီးယားမင်းသား ဂေါင်ရိုးနဲ့ ဆောင်းဟေကို ဒရာမာအသစ်မှာ တွဲဖက်ပါဝင်မည်
ဇန်နဝါရီ ၁၄
တောင်ကိုရီးယား နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသမီး ဆောင်းဟေကိုနဲ့ မင်းသား ဂေါင်ရိုးကို ဒရာမာ ဇာတ်လမ်းသစ်မှာ နှစ်ယောက်တွဲ မြင်တွေ့ရမယ်လို့ သိရပါတယ်။
ဇာတ်လမ်းနာမည်ကတော့ “Slowly but Intensely” ဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်မှာ တရားဝင် စတင်ရိုက်ကူးနေပြီဖြစ်တယ်လို့ သိရပါတယ်။ "Slowly but Intensely” ဇာတ်ကားကို ယခင် "It's Okay, That’s Love,” “Dear My Friends,” “Our Blues” စတဲ့ နာမည်ကြီး ဇာတ်ကားတွေကို ရေးသားခဲ့သူ စာရေးဆရာ နော့ဟီးကွမ်က ဇာတ်ညွှန်းရေးသားထားတာဖြစ်ပြီး ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ် အချိန်ကာလရဲ့ဇာတ်လမ်းကို အခြေတည်ထားတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ဆောင်းဟေကိုက ဒီဒရာမာအတွက် ပြင်ဆင်မှုဖြစ်တဲ့ ဆံပင်အတိုကို ချပြထားပါတယ်။ မင်းသား ဂေါင်ရိုးဟာလည်း "Slowly but Intensely” ဇာတ်ကားအတွက် ဒါရိုက်တာ လီယွန်ဂျန်နဲ့ တွေ့ဆုံနေတယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ ၂၀၂၅ ခုနှစ်အတွင်းထွက်ရှိမှာဖြစ်ပြီး ဘယ်ရက်ထွက်ရှိမယ်ဆိုတာတော့ မသိရသေးပါဘူး။
Credit - MP News Agency
#သတင်းဟင်းလေးအိုးကြီး
