ပဲခူးမြို့တွင် ရေခဲသေတ္တာနှင့် သွယ်တန်းထားသည့် Main မှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ ကလျာဏီ(၅)လမ်းတွင် ရေခဲသေတ္တာနှင့် သွယ်တန်းထား သည့် Main မှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ဇန်နဝါရီလ ၁၄ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ပဲခူးတိုင်း မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ မီးသတ်ရေယာဉ်(၁) စီး၊ ပဲခူးတိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၁) စီး၊ မီးသတ်ရေသယ်ယာဉ်(၁) စီး၊ ပဲခူးတိုင်းမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁) စီး၊ မီးငြိမ်းသတ်ယာဉ်(၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီရေး အသင်းတို့မှ ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“ခြံဝန်းထဲက သစ်သားအိမ်နှစ်အိမ်လုံးလောင်တာ။ နောက်ကအိမ်ကနေစလောင်တာ။ အဲ့အိမ်က ရေခဲသေတ္တာ သွယ်ထားတဲ့ မိန်းထုတ်အပူလွန်ပြီး လောင်တာ။ ပြီးတော့ အဲ့အိမ်ကလူတွေကခရီးထွက်နေတာ။ မီးလောင် တော့ အဲ့ဒီခြံထဲက သစ်သားအိမ်နှစ်လုံးစလုံးပြာကျသွားတယ်။ မီးက ဘေးခြံက အိမ်ကိုတော့နည်းနည်းလောင် သွားသေးတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းလည်း သိရသည်။
#centralnewsnaypyitaw


