ပြင်းအား ၆ ဒသမ ၆ ရှိငလျင် ဂျပန်အနောက်တောင်ပိုင်း၌လှုပ်ခတ်ခဲ့
တိုကျို၊ဇန်နဝါရီ ၁၄
ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၌ ပြင်းအား ၆ ဒသမ၆ စကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး မီယဇခိနှင့်ခိုချိဒေသများတွင် ဆူနာမီအငယ်များပါဖြစ်ပေါ်ခဲ့သည်ဟုသိရသည်။
ယခုငလျင်ကြောင့် လူေ-သဆုံးမှုနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ အများအပြားမရှိခဲ့သော်လည်း ငလျင်အခြေအနေကို မိုးလေဝသဌာနကဆက်လက်စောင့်ကြည့်နေဆဲဖြစ်သည်ဟုလည်းသိရသည်။
ငလျင်နောက်ဆက်တွဲအနေဖြင့် အမြင့် ၂၀ စင်တီမီတာဝန်းကျင်ရှိ ဆူနာမီတစ်ခုကို မီယဇခိစီရင်စု၌ မြင်တွေ့ခဲ့ရပြီး ခိုချိစီရင်စု၏ အခြားဧရိယာများတွင် ၁၀ စင်တီမီတာခန့်အထိမြင်ရသော်လည်း နောက်ပိုင်းတွင် မိုးလေဝသအေဂျင်စီက ဆူနာမီအကြံပြုချက်အားလုံးကိုပြန်ရုတ်သိမ်းခဲ့သည်။
ငလျင်အရှိန်ကြောင့် ကျူရှူးကျည်ဆန်ရထားလိုင်း၏ နေရာဒေသအချို့တွင် ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းထားခဲ့ရကြောင်း ရထားအော်ပရေတာကပြောကြားခဲ့သည်။
