Part-2
ပြည်သူ့ ရပိုင်ခွင့်များဆိုင်ရာ ပြဿနာများ
ကာကွယ်နိုင်သည့် အခွင့်အာဏာရှိသူတို့ကပင် လုပ်ဆောင်လိမ့်မည်။
သည်အခါ မေးစရာရှိလာသည်။ ဘေးရန်ပြုမည့်သူထံမှပင် အကာအကွယ် ယူရမည့် သဘောလား။ အဲဒါဆိုလျှင် ဖြစ်နိုင်မည်လား။
ဒီမိုကရေစီနိုင်ငံတွင် ဖြစ်နိုင်ပါသည်။
အကြောင်းက ဒီမိုကရေစီနိုင်ငံတွင် အာဏာကို တစ်ဦးတည်း တစ်ဖွဲ့တည်း လက်တွင်မထား၊ အပြန်အလှန် ထိန်းကျောင်း စောင့်ကြပ်ခြင်း၊ တစ်ဦးလွဲချော်လျှင် တစ်ဦးက တည့်မတ် ကွပ်ညှပ်ခြင်းပြုနိုင်သည့် ကဏ္ဍ အစိတ်အပိုင်းများအကြား ခွဲခြားထားသောကြောင့် ဖြစ်သည်။
ဥပဒေပြုရေး (Legislature)၊ အုပ်ချုပ်ရေး (Executive)၊ တရား စီရင်ရေး (Judiciary) ဟူသော မဏ္ဍိုင်သုံးရပ်စနစ်။
ဒါကိုပင် အာဏာများ ခွဲခြားထားရှိသောစနစ် (separation of powers) နှင့် အပြန်အလှန် ထိန်းကျောင်း ချိန်ညှိသောစနစ် (checks and balances system) ဟူ၍ ခေါ်ကြသည်။