အီတလီစီးရီးအေလိဂ်ကလပ်အသင်းကြီး နာပိုလီအသင်းအနေနဲ့ ဆောင်းရာသီကာလစျေးကွက်မှာအသင်းကနေပြောင်းရွှေ့ခွင့်တင်ထားတဲ့ဂျော်ဂျီယာအသင်းတောင်ပံကစားသမားကွီချာ ကွာရတ်စကီလီယာနေရာအစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး အဲလက်ဟန်ဒရိုဂါလ်နာချိုကိုခေါ်ယူဖို့ပစ်မှတ်ထားနေပါတယ်။

နာပိုလီအသင်းဟာ ဒီဆောင်းရာသီကာလစျေးကွက်မှာ အသင်းပြောင်းရွှေ့ခွင့်တင်ထားတဲ့ ကွီချာကွာရတ်စကီလီယာရဲ့နေရာအစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းတိုက်စ်မှူးအဲလက်ဟန်ဒရိုဂါလ်နာချိုကိုခေါ်ယူရေးအတွက်ပြင်ဆင်နေတယ်လို့ The Mirror သတင်းကဖော်ပြခဲ့ပါတယ်။

နာပိုလီအသင်းရဲ့အီတလီသားနည်းပြအန်တိုနီယိုကွန်တီအနေနဲ့လည်း ကွီချာ ကွာရတ်စကီလီယာက ဒီလမှာအသင်းပြောင်းရွှေ့ခွင့်တောင်းထားတယ်လို့အတည်ပြုထားခဲ့ပါတယ်။ဒါ့အပြင် အဆိုပါဂျော်ဂျီယာလက်ရွေးစင်တိုက်စစ်ကစားသမားနေရာအစားထိုးဖို့အတွက်အဲလက်ဟန်ဒရိုဂါလ်နာချိုကိုအသင်းဆီခေါ်ယူမဲ့ပစ်မှတ်ကစားသမားအဖြစ်ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အသက် ၂၀အရွယ်ကစားသမားဂါနာချိုရဲ့အသင်းပြောင်းရွှေ့မှုအတွက်ပိတ်ပင်ထားတာမျိုးမရှိဘဲ သရဲနီအသင်းကလည်း တကယ်လို့သင့်တော်တဲ့ကမ်းလှမ်းမှုရမယ်ဆိုရင်အသင်းကနေလက်လွှတ်ဖို့အဆင်သင့်ဖြစ်နေပါတယ်။
 
#ဘောလုံးသတင်းစုံ

image