15 w - Translate

ဩစတြေးလျအိုးပင်း ပထမအဆင့်မှ ဆစ်စီပက်စ် ထွက်ရ
------------------------
၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံး ဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ဩစတြေးလျအိုးပင်း အမျိုးသားတစ်ဦးချင်း ပွဲစဉ်ရဲ့ ပထမ အဆင့်မှာပဲ အံ့အားသင့်ဖွယ်ရလဒ်နဲ့အတူ ဂရိတင်းနစ်သမား ဆစ်စီပက်စ် ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားတစ်ဦးချင်း ပထမအဆင့်ပွဲမှာ ကမ္ဘာ အဆင့်-၁၁ ဆစ်စီပက်စ်နဲ့ ကမ္ဘာ့အဆင့် ၄၂ မှာရပ်တည်နေတဲ့ အမေရိကန်နိုင်ငံသား မစ်ချယ်ဆန်တို့ ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဂရင်းစလမ်ပြိုင်ပွဲတစ်ခုကို ပထမဆုံးအကြိမ် ဝင်ပြိုင်ခဲ့သလို ၂၀၂၄ ဩစတြေးလျအိုးပင်းမှာ တတိယအဆင့်အထိ ရောက်ခဲ့တဲ့ မစ်ချယ်ဆန်ဟာ အခုပွဲမှာလည်း ဆစ်စီပက်စ်ကို ဖိအားပေး ကစားနိုင်ခဲ့တာပါ။ ၂၀၂၃ ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ရောက်ခဲ့တဲ့ ဆစ်စီပက်စ်ကတော့ ပြိုင်ဘက်ရဲ့ ဖိအားပေးမှု အောက်မှာ အမှားအယွင်းတွေ များခဲ့တာကို တွေ့ရပါတယ်။

ပွဲကစားချိန် ၂ နာရီနဲ့ ၄၃ မိနစ်ကြာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီးနောက် မစ်ချယ်ဆန်က ဆစ်စီပက်စ်ကို (၇း၅၊ ၆း၃၊၂း၆၊ ၆း၄) ဆိုတဲ့ ရလဒ်နဲ့အနိုင်ရခဲ့ပြီး ဒုတိယ အဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ မစ်ချယ် ဆန်အတွက်ကတော့ ဂရင်းစလမ်ပြိုင်ပွဲတစ်ခုမှာ ကမ္ဘာ့ အဆင့် ၁၅ အတွင်း ရပ်တည်နေတဲ့ ကစားသမားတစ် ယောက်ကို ပထမဆုံးအကြိမ် အနိုင်ရတာလည်း ဖြစ်ခဲ့ပါတယ်။

image