စားလို့လဲကောင်း လွယ်လဲလွယ်တဲ့ "ကြက်ဥတို့ဖူး မှိုပေါင်း" လုပ်စားကြမယ်။ ဆီမပါဘဲ စားလို့လည်းကောင်းတော့ ဝိတ်ထိန်းတဲ့သူတွေအကြိုက်ဘဲဗျို့။
ပါဝင်ပစ္စည်းများ
ပင်အပ်မှို အထုပ်ကြီး (၁) ထုပ်
ဂျပန်ကြက်ဥတို့ဖူး (၂) တောင့်
ကြက်သွန်မြိတ် အနည်းငယ်
အရသာရည် စပ်နည်း
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း (၁) ဇွန်းခွဲ
ပဲငံပြာရည် အချို လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ခရုဆီ လက်ဖက်ရည်ဇွန်း (၁) ဇွန်း
နှမ်းဆီ လက်ဖက်ရည်ဇွန်း(၁) ဇွန်း
ပြုလုပ်နည်း
1. ဂျပန်ကြက်ဥတို့ဖူးအား အနေတော် အတုံးလေးများလှီးပြီး Kitchen Tower (မီးဖိုချောင်သုံး တစ်ရှုးအကြီး) များနှင့် ရေခြောက်အောင် လုပ်လိုက်ပါ။ (တခြားတစ်ရှုးဆိုရင် တစ်ရှုးဖက် ကပ်တတ်လို့ပါရှင်။ ရေခြောက်တော့ ကြော်ရင် ဆီမပေါက်တော့ဘူးပေါ့)
2. ရေခြောက်အောင် လုပ်ထားသော တို့ဖူးကို ဆီကြော်ပြီး ပြန်ဆယ်ထားလိုက်ပါ။
3. မှိုကိုသန့်ရှင်းအောင်လုပ်ပြီး ပန်းကန်ထဲတွင် ထည့်ကား အပေါ်တွင် ကြော်ထားသော ဂျပမ်တို့ဖူးများကို ထားပါ။
4. ထို့နောက် ဆပ်ထားသော အရသာရည်ကို အပေါ်မှ ဆမ်းပြီး (၁၀) မိနစ်ခန့်ပေါင်းပါ။
5. စားခါနီးတွင် ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီဗျ။
#မြိန်မြိန်
