27 w - Translate

.

☯️


( 13-1-2025 )တနင်္လါနေ့မှာ
ကျရောက်သော

#ပြာသိုလပြည့် အမေနေ့၌

အ မေ များအား
ဤpostလေးဖြင့် ဂုဏ်ပြုအပ်ပါသည်။ 🌺👏🌺

အ မေ တဲ့
******
ဖတ်ကြည့်နော်…

အ မေ တဲ့...
ကိုးလလွယ် ဆယ်လမှာ ဖွား
သေမင်းကို စိန်ခေါ်
သူနာဖို့ ဘယ်တော့မှစိတ်မပူတာ
အ မေ ပါ ပဲ။

အ မေ တဲ့...
သူ့အလှတွေ ချခင်း
ဇရာကို သူ မမှု
အငတ်ခံကျွေးတာ
အ မေ ပါ ပဲ။

အ မေ တဲ့...
အရှက်ကို သူ မမှု
သိက္ခာဆိုတာ ဘေးဖယ်ထား
ပီတိတွေနဲ့ အဖော်ပြုတာ
အ မေ ပါ ပဲ။

အ မေ တဲ့...
အတ္တတွေ မီးသင်္ဂြိုလ်
အသွေးအသားကို အလှူပေး
သတ္တိတွေ ပြိုင်ဘက်ကင်းတာ
အ မေ ပါ ပဲ။

အ မေ တဲ့...
ပကာသနဆိုတာ ဘာမှန်းမသိ
အိမ်ရဲ့ ကျွန်ဘဝမှာ သူပျော်ရွှင်
ချွေးတလုံးလုံး
အဆီတဝင်းဝင်းနဲ့ လှလို့နေတာ
အ မေ ပါ ပဲ။

အ မေ ဆိုတာ…
သား သမီးတွေအတွက်ဆိုလျှင်
အသက်ကိုတောင်
စတေးဝံ့သူပါ။

အမေကို စိတ်ချမ်းသာအောင်
ထားပါနော်…💐👏💐

မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )
.
#credit
🔹🔸🔹🔸🔹🔸🔹

image