16 w - Translate

Ouija (2014)

Debbie ဆိုတဲ့ကောင်မလေးဟာ Ouija Board ကို အိမ်ဟောင်းတစ်ခုမှာတွေ့တဲ့အခါ Laine ဆိုတဲ့ငယ်သူငယ်ချင်းလေးကို သတိရရင်း တစ်ယောက်တည်းအပျော်ဆော့လိုက်မိရာကနေ ထူးထူးဆန်းဆန်းတွေစတင်ဖြစ်ပါတော့တယ်… Debbie က ဘုတ်ပြားကို မီးရှိပစ်လိုက်ပေမယ့်လဲ အကောင်းအတိုင်းပြန်ရောက်လာပြီး မကောင်းဆိုးဝါးပူးကပ်ကာ Debbie သေသွားခဲ့ပါတယ်…
သူ့အသုဘအပြီး မိဘတွေမရှိတုန်း Debbie ရဲ့သူငယ်ချင်းတစ်စု အိမ်စောင့်ပေးရင်းနဲ့ Debbie နဲ့ဆက်သွယ်ကြည့်မယ်ဆိုပြီး Ouija board ကို သုံးခဲ့ပြန်ပါတယ်.. မီးတွေမှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး ထူးဆန်းတဲ့အသံတွေ ကြားလာရတဲ့အချိန်မှာ...လန့်ဖြန့်ပြီး ကစားနည်းကိုရပ်လိုက်ကြတယ်. ဒါပေမယ့် နောက်တစ်ရက်မှာပဲ သူတိုရဲ့ ကားမှန်တွေ.. ကွန်ပျူတာစခရင်တွေ.. နံရံတွေပေါ်မှာ “Hi Friend” ဆိုတဲ့ စာသားပေါ်လာတယ် … Hi Friend ဆိုတာက Ouija Board ဆီကို သရဲ / ဝိဉာဉ်ရောက်လာတဲ့အခါမှာ စတင်နှုတ်ဆက်လေ့ရှိတဲ့စကားပါ.. အဲဒါကြောင့် သူတိုရဲ့သူငယ်ချင်းက သူတိုဆီကိုဆက်သွယ်ဖိုကြိုးစားနေတယ်အထင်နဲ့ သူငယ်ချင်းတစ်စု Ouija Board ကို ထပ်မံအသုံးပြုလိုက်မိတဲ့အခါမှာတော့ဘာဖတွဖြစ်လာမလဲဆိုတာရှု့စားကြည့်လိုက်ပါအုံးဗျ။
#horror

image