16 w - Translate

ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်ခ ကျပ်ရှစ်သိန်းအထိဈေးတက်

အခုနှစ်ဆန်းပိုင်းမှာ ရန်ကုန်-ကော့သောင်း လေယာဥ်လက်မှတ်ဈေးနှုန်း ကျပ်ရှစ်သိန်းအထိ ဈေးနှုန်းမြင့်တက်သွားတယ်လို့ ဒေသတွင်း လေယာဥ်လက်မှတ်အရောင်းဌာနတွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်အထိ ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်ခ ၇၉၀,၀၀၀ ကျပ်မှာ ရှိခဲ့တာြဖစ်ပြီး ၂၀၂၅ ၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ၈၀၀,၀၀၀ ကျပ်အထိ ဈေးတက်သွားတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတော့ ရန်ကုန်-ကော့သောင်းလေယာဥ်လက်မှတ်ခက ၄၅၀,၀၀၀ ကျပ် ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလမှာ ၅၀၀,၀၀၀ ကျပ်အထက်ကို ဈေးတက်သွားခဲ့ပြီး မေလမှာ ၆၀၀,၀၀၀ ကျပ်နဲ့အထက်၊ ဩဂုတ်လမှာ ၇၀၀,၀၀၀ ကျပ်နဲ့အထက်ကို ဈေးဆက်တိုက်မြင့်တက်ခဲ့တာဖြစ်ပြီး ၂၀၂၅ နှစ်စမှာတော့ ကျပ်ရှစ်သိန်းအထိထပ်မံမြင့်တက်ခဲ့တာပါ။

#realnews

image