Part-1
ပြည်သူ့ ရပိုင်ခွင့်များဆိုင်ရာ ပြဿနာများ
ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံသားတို့၏ မူလအခွင့်အရေးများ (fundamental rights) သို့မဟုတ် ပြည်သူ့ရပိုင်ခွင့်များ (citizen rights) ဟူသည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေများတွင် ထည့်သွင်း ရေးဆွဲ ကာ အခိုင်အမာ ပြဋ္ဌာန်းထားလေ့ ရှိသည်။
ဥပမာ၊ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကို ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ။
တရားရုံး၏ ခွင့်ပြုချက် မရရှိက နိုင်ငံသားတစ်ဦးကို ၂၄ နာရီထက်ပို၍ ဖမ်းဆီး ချုပ်နှောင်ထားခွင့် မရှိစေရ၊ စသဖြင့်။
ဘာကြောင့် သည်လို ပြဋ္ဌာန်းသလဲ။
ပြည်သူတို့အား မတရား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းများ မပြုအောင် ကာကွယ်ပေးလို၍ ဖြစ်သည်။
ဘယ်သူတို့၏ ဘေးရန်မှ ကာကွယ်ရန် ရည်ရွယ်ခြင်းလဲ။
အာဏာအလွဲသုံးသည့် အချို့သော အာဏာပိုင်များ၊ မတရားပြုမူသည့် အချို့သော တရားဥပဒေ စိုးမိုးရေးသမားများ၏ ဘေးရန်မှ ကာကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ထိုကာကွယ်ပေးသော အလုပ်ကို ဘယ်သူတွေ လုပ်ဆောင်မည်လဲ။

# ဆက််ရန်ရှိ