ဆိတ် ကလီစာ/အူကြမ်းဟင်း
ဆိတ် ကလီစာအူကြမ်းတွေကို
စိတ်ကြိုက်လိုသလို လှီးဖြတ်ပြီး
ရေဆေးပြီးစစ်ထားပါ
ပြီးတော့ ဆား အရသာမှုန့် နနွင်း
နယ်ထားပါ
ကြက်သွန် အနီ အဖြူနှင့်ဂျင်း
ရောထောင်း ပြီးဆီသတ်ပါ စပါးလင် ၂ပင်ထုထုံး
ပြီးထည့်ပါ
နနွင်းထည့်ပါ အရောင်အတွက်
ဗြုပ်ပွရေစိမ်ထောင်းထည့်ပါ(ဗြုပ်သီးအရောင်မှုန့်
ထည့်ပါ)အရောင်တက်ရင်
ဆိတ်အူကြမ်းများထည့်ပါ မွှေပါ
လုံရေထွက်လာရင်ရေခမ်းတဲ့အထိ
လုံးပေးပါ (အဖုံးမအုပ်)
လုံးရေခမ်းရင် အညီနံ့လဲပျောက်ပါပြီ စပါးလင်
လေးမွှေးပါပြီ
ဒါဆိုရင် ရေထပ်ထည့်ပါ
မီးလျှော့ပြီး တည်လေဦးတော့
အသားတွေနူးပြီ ရေလဲကိုယ်စိတ်ကြိုက်အနေထား
မှာ
အရသာမြည်းပြီး လိုတာ ထပ်ထည့်ပါ
ရပါပြီနော်
(ကိုယ်ကတော့ မြန်အောင် လုံးရေခမ်းပြီဆိုတာနဲ့
pressure Cooker ထဲပြောင်းထည့်ပြီး ချက်တယ် )
#credit Win win
#creditoriginaluploaded
