ကမ္ဘာ့ရင်းနှီးမြှုပ်နှံဖို့အကောင်းဆုံးမြို့ကြီးတွေထဲမှာ ဘန်ကောက်မြို့ အဆင့် ၃၄ ရရှိ

ဇန်နဝါရီ ၁၃

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ဟာ ကမ္ဘာ့အဆင့်မြို့ကြီးများညွှန်းကိန်း (GCI) အရ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာပေါ်မှာ ရင်းနှီးမြုှပ်နှံမှုလုပ်ကိုင်ဖို့ အကောင်းဆုံးမြို့ကြီးတွေထဲကမှာ အဆင့် ၃၄ ရရှိခဲ့ကြောင်း ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့(BMA) က ဇန်နဝါရီ ၁၂ ရက်နေ့ (တနင်္ဂနွေနေ့) က ပြောကြားလိုက်ပါတယ်။

၂၀၂၃ ခုနှစ်မှာ GCI ညွှန်းကိန်းအရ အဆင့် ၄၅ ရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာ ၁၁ ဆင့် ခုန်တက်ခဲ့ပြီး အဆင့် ၃၄ ရရှိလာ တာဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးအကြံပေးအဖွဲ့ဖြစ်တဲ့ Kearney ကုမ္ပဏီက ပြုလုပ်ခဲ့တဲ့ GCI ညွှန်းကိန်း အရ အခုလို အဆင့်မြင့်တက်လာ တာဟာ မြို့တော်ရဲ့ စီးပွားရေးလုပ်ငန်းများ၊ ယဉ်ကျေးမှုအတွေ့အကြုံများနဲ့ သတင်းအချက်အလက် လွှဲပြောင်းနိုင်မှုများ ကြောင့်ဖြစ်ကြောင်း BMA ပြောခွင့်ရပုဂ္ဂိုလ် အက်ခ်ဗာရန်း ယိုအမ်ရာပါလာက ပြောပါတယ်။

“တခြားမြို့ကြီးတွေ အဆင်မပြေမှုတွေ၊ တခြားစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရစဉ်အတွင်းမှာ ပင်လယ်ရေကြောင်း ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကဏ္ဍတွေမှာ တိုးတက်လာတဲ့အတွက် ဘန်ကောက်မြို့ကြီးရဲ့ စီးပွားရေး လုပ်ငန်းတွေ အခုလို တိုးတက်လာတာဖြစ်ပါတယ်။ ဘန်ကောက်ဟာ မဟာဗျူဟာမြောက် အချက်အချာကျတဲ့ အတွက်လည်း အခုလို အား သာချက်အကျိုးကျေးဇူးတွေ ရရှိတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ အခက်အခဲမရှိ လွယ်ကူတဲ့အတွက် ကမ္ဘာ့အဆင့်ဝန်ဆောင်မှု ကုမ္ပဏီတွေ တိုးပွားလာတာကလည်း ဘန်ကောက်မြို့ကြီးကို နိုင်ငံတကာစီးပွားရေးဗဟိုချက် နေရာတစ်ခု အဖြစ် မြှင့်တင်ပေးလိုက်တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

နိုင်ငံခြားသားတွေ ဝင်ရောက်မှု၊ အစားအသောက်မျိုးစုံရှိမှုနဲ့ အနုပညာမျိုးစုံ ခင်းကျင်းပြသနိုင်မှုတို့က ဘန်ကောက်မြို့တော်ရဲ့ ယဉ်ကျေးမှုအတွေ့အကြုံတွေ မြှင့်တင်ရာမှာ အထောက်အကူပြုခဲ့ကြောင်း အက်ခ်ဗာရန်းယိုအမ်ရာပါလာက ပြောပါတယ်။

အင်တာနက်မြန်နှုန်းမြင့်အခြေအနေကလည်း သတင်းအချက်အလက်တွေ လွှဲပြောင်းရယူရာမှာ ဘန်ကောက်မြို့ကြီးအ တွက် အကျိုးပြုနိုင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

ဒါပေမဲ့ ဘန်ကောက်မြို့တော်မှာ ကိုင်တွယ်ဆောင်ရွက်ရမယ့် အဓိကစိန်ခေါ်မှု နှစ်ရပ်ရှိနေပြီး အဲဒီစိန်ခေါ်မှု တွေကတော့ ထိရောက်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြေရှင်းနည်းလမ်းတွေကတစ်ဆင့် ပြည်သူတွေရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ဖို့နဲ့ လူမှုရေးညီမျှမှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းအားကို အားပေးမြှင့်တင်သွားဖို့ ဖြစ်ကြောင်း Kearney ကုမ္ပဏီက ပြောပါတယ်။

အဲဒီအဓိက အချက်နှစ်ချက်ကို ကိုင်တွယ်ဆောင်ရွက်သွားဖို့ Kearney ကုမ္ပဏီက ဘန်ကောက်မြို့တော်ကို အကြံပြုခဲ့ ပါတယ်။

Ref: Bangkok ranks 34th most attractive city for investment, says BMA

#centralnewsnaypyitaw

image
image
image