အမဲကြောစွပ်အရည်သောက်ဆမ်း🤤
ကိုယ်ခံအားကောင်းပီး ခုခံအားမြင့်မားစေတယ်။
ကြက်စွပ်ပြုတ်ချည်းသောက်နေရတာငြီးငွေ့ရင် အမဲကြောစွပ်လေးပြောင်းသောက်ကြည့်နော်
အမဲကြောကိုအနေတော်လှီးပြီး
အရင်ဆုံးသန့်စင်အောင်လုပ်ပါမယ်။
ဆားဖြင့်ပွတ်ပီးဆေးရင် အညှီနံသက်သာတယ်။
ပြီးရင်
ဂျင်း သကြား ဆားထည့်ပြီး
ဝါးလို့သည်အထိနူးအောင်ပြုတ်ပါ။
ရေခမ်းရင်ရေထပ်ရောပြီး စပါးလင် ငရုတ်သီး ကြက်သွန်နီကြက်သွန်ဖြူထည့်ပါ။
ချခားနီးရင်ပင်စိမ်းရှမ်းနံနံအုပ်ပါ။
စားသုံးချိန်တွင် သံပုရာရည်ပါညှစ်ပီးသုံးဆောင်နိုင်ပါတယ်။
