27 w - Translate

◼ စပိန်စူပါဖလားကို ၁၅ ကြိမ်မြောက် ဆွတ်ခူးတဲ့ ဘာစီလိုနာ

တနင်္ဂနွေနေ့က ဆော်ဒီအာရေးဗျနိုင်ငံ၊ ဂျဒ်ဒါမှာ ကျင်းပခဲ့တဲ့ စပိန်စူပါဖလား ကလက်စီကို ဗိုလ်လုပွဲမှာ ဘာစီလိုနာက ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်ကို ၅-၂ နဲ့ဂိုးပြတ် အနိုင်ယူပြီး ဟန်ဆီဖလစ်ရဲ့ လက်ထက် ပထမဆုံး ဖလားကို ဆွတ်ခူးသွားပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ စပိန်စူပါဖလားကို စံချိန်တင် ၁၅ ကြိမ်မြောက် ဆွတ်ခူးခဲ့တာဖြစ်သလို ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။

image