ထောပတ်သီးကျောက်ကျော
ပါဝင်ပစ္စည်းများ
ပါဝင်သော ပစ္စည်းများကတော့ ထောပတ်သီး၊
အုန်းနို့၊
ကျောက်ကျောမှုန့်၊
သကြား၊ ဆား တို့ လိုအပ်ပါမယ်။
ပြုလုပ်နည်း
၁။ ပထမဦးဆုံး ထောပတ်သီးကို ထက်ခြမ်းခြမ်း၍ အခွံခွာပီး ကန့်လန့်ဖြတ်လေး လှီးထားပေးပါ။ ပြီးလျှင် ပလတ်စတစ်ဖြင့် လေလုံအောင်ထုတ်ပြီး ရေခဲသေတ္တာထဲထည့်၍ အအေးခံထားပါ။
၂။ ပြီးနောက် ကျောက်ကျောကျိုမည့်အိုးထဲသို့ ကျောက်ကျောမှုန့် ၊ သကြား၊ ဆားအနည်းငယ်ထည့်၍ ရောမွှေပေးပြီး ရေထည့်ပြီး ကျိုထားပါ။
၃။ မကြာခဏ ကျောက်ကျောအိုးကို မွှေပေးပါ၊ ကျောက်ကျောမှုန့်တွေ ပျော်ဝင်သွားပြီး ရေဆူပွက်လာတဲ့အခါ အုန်းနို့ထည့်မွှေပြီး မီးဖိုပေါ်မှချလိုက်ပါ။
၄။ ပြီးလျှင် အအေးခံမည့် လင်ဗန်းတွင် ကျောက်ကျော အနည်းငယ်ကို ထည့်လိုက်ပါ။ ပြီးရင်တော့ လှီးထားသော အေးနေတဲ့ ထောပတ်သီး ကိုထည့်လိုက်ပါ။
၅။ ပြီးနောက် ကျန်နေသော ကျောက်ကျောရည် လောင်းချပါ၊ ထောပတ်သီးလေးများ ထပ်ထည့်လိုက်ပါ။ နောက်ဆုံး အအေးခံပြီး ခဲနေသော ထောပတ်သီးကျောက်ကျောကို မိမိတို့စိတ်ကြိုက်ပုံစံလှီးပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။
#မြိန်မြိန်
#crd
