15 ပတ် - ဘာသာပြန်ပါ။

မိုင်းဖုန်းဆရာတော် ဗုဒ္ဓကောလိပ်-ပရိယတ္တိစာသင်တိုက် စေတီတော်ထီးတော်တင်ပွဲ ဆရာတော်ကြီးကိုယ်တိုင် ကြွရောက် ဆက်ကပ်တင်လှူ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ ၊ဝိန်းနေရပ်ကွက်ရှိ မိုင်းဖုန်းဆရာတော် ဗုဒ္ဓကောလိပ်- ပဋိယတ္တိစာသင်တိုက်အတွင်း တည်ထားသည့် စေတီတော်
ထီးတော်တင်လှုပွဲကို ယနေ့ ဇန်နဝါရီ (၁၂)ရက်က ကျင်းပရာ မိုင်းဖုန်းဆရာတော်ကြီးကိုယ်တိုင်ကြွရောက်၍ ဆက်ကပ် တင်လှူပေးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

စေတီတော်၏ ဉာဏ်တော်အမြင့်မှာ (၁၀၈)ပေ ၊ ရင်ပြင်အ ကျယ် (၄၈)ပေကျယ်ဝန်းပြီး၊ မိုင်းဖုန်းဆရာတော်ကြီးကိုယ်တိုင် ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို ဆက်ကပ်တင်လှူခဲ့ကြောင်း သိရသည်။

အဆိုပါ စေတီတော်အား မိုင်းဖုန်းဆရာတော်အား အမှူးထား ၍ ရပ်ဝေးရပ်နီး တပည့်ဒါယိကာ၊ ဒါယိကာမများက စုပေါင်းအားဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ကြီးအ‌နေဖြင့် ယခုလဇန်နဝါရီ (၃)ရက်‌ တွင်လည်း ပူတာအိုစေတီတော်အား ထီးတော်တင်လှူပေးတော်မူခဲ့ပြီး မေတ္တာဘာဝနာများရွတ်ပွားပူဇော်ပေးတော်မူခဲ့‌သေးသည်။

image
image
image
image