27 w - Translate

လူငယ်စာဖတ် ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ စာရေးဆရာကြီး သိုးဆောင်းရဲ့ 'အကြင်သူသည်"စာအုပ်ကို ရုပ်ရှင်ရိုက်ကူးသွားမယ် ထူးအံ့လွင်

တချိန်က ရွှေကြိုပြိုင်ပွဲဝင်တယောက်ဖြစ်ခဲ့ပြီး အနုပညာအလုပ်တွေအပေါ် ကြိုးစားချင်စိတ်ရှိတဲ့ ထူးအံ့လွင်ကတော့ ND တယောက်အဖြစ် ပရိသတ်ခိုင်ခိုင်မာမာရရှိလာချိန်မှာ မင်းသားတယောက်အနေနဲ့လည်း ကမ်းလှမ်းမှုတွေ ရရှိနေခဲ့တာပါ။

ဒီအချိန်မှာတော့ ထူးအံ့လွင်ဟာ 2025 ခုနှစ်ရဲ့ ဒုတိယပရောဂျက်ကို ချပြလာခဲ့ပြီး အမျိုးသားလူငယ်ပရိသတ်တွေရဲ့ အသည်းစွဲ 'အကြင်သူသည်' စာအုပ်ကိုမှ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးဖို့ အစီအစဉ်ရှိနေတာကြောင့် လူငယ်တွေကြားမှာ ပွဲဆူနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းဟာ လူတကာ ရုန်းမထွက်နိုင်လောက်အောင် စွဲလမ်းစရာကောင်းတဲ့ မိန်းကလေးတယောက်ရဲ့ အထိအတွေ့ကို ပဓာနမထားဘဲ ဖြူစင်စွာ ချစ်ပြနိုင်ခဲ့တဲ့ အမျိုးသားလေးတယောက်ရဲ့ အချစ်ကို တင်ဆက်ပြထားခဲ့တာဖြစ်ပြီး အဓိကဇာတ်ဆောင်နေရာမှာ ထူးအံ့လွင် ကိုယ်တိုင် ဝင်ရောက်သရုပ်ဆောင်သွားမှာလား ၊ ထုတ်လုပ်သူအဖြစ် စီစဉ်ရိုက်ကူးသွားမှာလားဆိုတာကိုတော့ အတိအကျ မသိရနိုင်သေးတာလည်း ဖြစ်ပါတယ်။

#updatenews

image