အလွယ်ကူဆုံး #ကြက်ဆီထမင်း
စျေးထဲကနေ ကြက်အရေခွံသီးသန့်ဝယ်လာတာတွေရှိလို့ ကြက်ဆီထမင်းလုပ်ဖြစ်သွားတယ်။ ကြက်အရေခွံတွေကို ဒယ်အိုးထဲထည့်ပြီး ကြော်။ ဆီတွေထွက်လာရင် ကြက်အရေခွံတွေကိုဖယ်။ အဲ့ဆီထဲမှာ ထောင်းထားတဲ့ကြက်သွန်ဖြူထည့်ဆီသတ်ပေး။ ကြက်ပေါင်တစ်ခြမ်းကို အတုံးတုံးပြီး ဂျင်းနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ရေ ကြက်သားမှုန့် သကြား ဆား ထည့်ပြီး အသားနူးတဲ့ထိပြုတ်ပေးထား။ ကြက်ပြုတ်ရည်ရရင်အအေးခံ။ ဆန်ဆေးထားပါ။ ထမင်းပေါင်းအိုးထဲ ဆန်ထည့်ပါ။
{ မူရင်းစာသားများအားမိမိဘာသာပြုပြင်ခြင်း Copyယူ Linkပြုလုပ်စီးပွားရှာခြင်းသည်းခံပါ }
ထမင်းချက်သလို ကြက်ပြုတ်ရည် လက်တစ်ဆစ်ခွဲထည့်ပါ ( ရေအစားကြက်ပြုတ်ရည်ထည့်တာပါ ) ခုနကချက်ထားတဲ့ ကြက်အရေခွံဆီထည့်ပြီးချက်ပါ။ ကြက်သားများကို အသားနွင်ပါ။ သခွားသီး နံနံပင်ပြင်ဆင်ပါ။ ထမင်းကျက်ရင် ကြက်ဆီထမင်းမွှေးမွှေးလေးရပါပြီ။
ဆော့ကတော့ ကြက်သွန်ဖြူ ဂျင်း ကိုထောင်းထား ပြီးတော့ ငရုတ်သီးစိမ်း ကြက်ပြုတ်ရည် အားလုံးကိုရောလိုက်ပါ။ ပဲငပိတစ်ဇွန်းစာထည့်ပါ။ သံပုရာရည်ညှစ်ပါ။
